အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)

10.4K 1.9K 667
                                    

[ခင်ပွန်းသည်ပြီးရင် ရှီးနန်ဝမ်တစ်ယောက်တည်းကိုပဲ မှတ်မိပါတယ်]

မှတ်ဉာဏ်ပျောက်ဆုံးသည်ဟူသော စကားကို ကြားသည်နှင့် ချူယွမ်က သွမ့်ပိုင်ယွဲ့ကို အလိုလိုလှည့်ကြည့်မိ၏။

ရှီးနန်ဝမ်၏ မျက်ဝန်းများက ရိုးသားဖြူစင်မှုအပြည့်။

သူ့ဘာသာသူ အတိတ်မေ့တာကို ဘာကိစ္စ ကိုယ့်ကို လာကြည့်တာတုန်း။ အဲ့လိုဖြစ်နေတာတောင် ကိုယ့်ကို မှတ်မိတယ်လို့ လာမပြောနဲ့နော်။

လျိုတာ့ကျုံ့က သတိကြီးစွာ ဆိုလာ၏။

"သွားရောက် ရှုကြည့်တော်မူဦးမလားဘုရား"

ချူယွမ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူတိုင်းက ဘေးအဆောင်ငယ်သို့ သွားကြကာ ရောက်ရောက်ချင်းမှာပင် ဖန်ခွက် ကျကွဲသံများကို ကြားလိုက်ရသည်။ အထဲတွင်အမျိုးသမီးတစ်ယောက်၏ ငိုကြွေးဆဲဆိုနေသံကို ကြားနေရသည်။

သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုကသည်။

"အဲ့မှာတင်သွားပြီ၊ ခေါင်းကိုက်စရာတွေ ဖြစ်လာပြန်ပြီ"

"အရှင်မင်းမြတ်အား ဂါရဝပြုပါတယ်"

တော်ဝင်သမားတော်ဆောင်မှ သမားတော်ကြီးများက နဖူးတွင်လည်း နီရဲနေကာ ဝတ်ရုံမှာလည်း ဆေးရည်များ ပေကျံနေလို့ ။ နဂိုပုံစံအတိုင်း ဖြူစင်သန့်ရှင်းသည့် ရုပ်အသွင်နှင့် လားလားမှ မသက်ဆိုင်တော့။

"သောင်းကျန်းနေတာမလား"

"မှန်ပါ့။ ကောင်လိမင်းသမီး သတိပြန်လည်ဘာကတည်းက ငိုပဲငိုနေပြီး အစ်ကိုဖြစ်တဲ့လူကို တွေ့ချင်ပါတယ်ချည်း အော်နေတာပါဘုရား ။ ခဏနေတော့ နန်ယန်မှာရှိတဲ့ ခင်ပွန်းသည်ဆီ ပြန်သွားမလို့လုပ်နေသေးတာ။ ကျွန်တော်မျိုး မေးကြည့်လိုက်တော့ ဘာတစ်ခုမှ မမှတ်မိပြန်ဘူး၊ ပြီးတော့ ခေါင်းကိုက်တယ် ဆိုပြီး အော်နေပြန်တယ်။ ဆေးလည်း မသောက်ဘဲ လွှင့်ပစ်ရိုက်ခွဲနေကြောင်းပါဘုရား"

သွမ့်ပိုင်ယွဲ့ သက်ပြင်းခိုးချလိုက်သည်။

တော်သေးတာပေါ့၊ ယောက်ျားရှိမှန်းတော့ မှတ်မိသေးလို့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now