အခန်း - ၃၃ (ပရိယာယ်မာယာ)

14.8K 2.3K 454
                                    

[ရှစ်ဖူးကပဲ ရုပ်ဖျက်လိုက်ရင် ပိုကောင်းမယ်]

Unicode version :

အိပ်ခန်းဆောင်အတွင်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ညစာအတွက် ပွဲတော်အုပ်များယူလာရမည်လားဟု ရှစ်ဇီကုန်းကုန်း တွေးဆနေလေသည်။ နောက်ဆုံးတော့ အခြေအနေအကဲခတ်ရန် တံခါးကို အနည်းငယ်မျှလှပ်ပြီး အထဲသို့ချောင်းကြည့်လိုက်သည်။သို့သော် ချက်ချင်းပင် ချာခနဲပြန်လှည့်လိုက်ကာ ဘာဆိုဘာမှ မမြင်ခဲ့သလို ဟန်ဆောင်နေလိုက်ရ၏။

ခါတိုင်းဆိုလျှင် သွမ့်ပိုင်ယွဲ့ဘက်ကစတင်ပြီးချူယွမ်နားသို့ အနည်းငယ်မျှ တိုးကပ်လာလျှင် တစ်ချက်တစ်လေမျှ အရိုက်ခံရတတ်သော်လည်း ဤတစ်ကြိမ်တွင်တော့ ချူယွမ်က ခြွင်းချက်ပေးထားသည့်ပုံပင် ။ သွမ့်ပိုင်ယွဲ့က သူ့အရိုးများကြေမွတော့မည့်မတတ် တစ်စတစ်စ ပိုလို့တိုးကာ တင်းကျပ်စွာ ချုပ်နှောင်ဖက်တွယ်ထားသည်တောင် ချူယွမ်က လုံး၀ မလှုပ်မယှက် ငြိမ်သက်ပေးနေသည်။ သွမ့်ပိုင်ယွဲ့ခေါင်းက မိမိလည်ပင်း၌ တိုး​ေ၀ှ့ပြီး အလုပ်ရှုပ်နေသည်ကိုလည်း သည်းခံပေးနေခဲ့သည်။

"မင်း.....ပြန်ရတော့မှာလား"

အတန်ကြာမှ ချူယွမ် ခပ်တိုးတိုးမေးလာ၏။

"ကိုယ် ဘယ်မှ မသွားတော့ဘူး..."

ချူယွမ်က သူ့အား မော့ကြည့်လာ၏။သွမ့်ပိုင်ယွဲ့က ချူယွမ်၏ ပါးပြင်ထက် လက်ဖြင့် ယုယမြတ်နိုးစွာ လိုက်လံထိတွေ့နေပြီး ဆက်ဆိုသည်။

"ကိုယ် စောနက ကိစ္စတစ်ခုကို တွေးမိသွားလို့ပါ။ ခုတော့ ဘာမှမဟုတ်တော့ပါဘူး"

ချူယွမ်က သူ့အား တွန်းဖယ်လိုက်ကာ ခံစားချက်ကင်းမဲ့နေသောအသံဖြင့်သာ ဆိုလာ၏။

"မင်းဘာသာမင်း တွေးချင်တာတွေးပါ ။ ငါမင်းကို အတင်းလည်း ဆွဲခေါ်မထားပါဘူး"

သွမ့်ပိုင်ယွဲ့က ချူယွမ်လက်များကို ဆွဲယူအုပ်ကိုင်ထားလိုက်သည်။

"ရှစ်ဇီပြောပြတာ....မင်း ညစာလည်းမစားရသေးဘူးဆို ။ နန်းတွင်းထဲက စိတ်ကျဥ်းကျပ်ဖို့ကောင်းတယ်၊အပြင်မှာ သွားစားကြရအောင်လေ.....ကိုယ် လိုက်ပို့ပေးမယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now