အခန်း - ၅၅ - အဆက်

11.7K 2.2K 318
                                    

" အဲ့မျက်နှာကြီးက ဘယ်နှယ့် အရမ်းတွေအူမြူးနေတာလဲ ၊ လမ်းပေါ်ကနေ ငွေစကောက်ရလာလို့လား"

သွမ့်ယောင်က ဖားပြုပ်ကြီးကို အစာကျွေးရင်း နောင်တော်ဖြစ်သူအား မေးလိုက်၏။သွမ့်ပိုင်ယွဲ့ကတော့ စားပွဲခုံနား ထိုင်လိုက်ကာ -

"ရှစ်ဖူးရော"

"မနိုးသေးဘူး။ ကျွန်တော် မနက်စာသွား၀ယ်မလို့ ၊ နောင်တော် ဘာစားချင်တာရှိလဲ"

"ရပါတယ်၊ ပန်၀မ်းကိုယ်တိုင် မင်းအတွက်ပါ ၀ယ်ပေးခဲ့ပေးမယ် ။ မနေ့ညကရော အခြေအနေ ဘယ်လိုထူးသေးလဲ"

သွမ့်ယောင်က ခေါင်းခါလိုက်ကာ -

"ဘာထွေထွေထူးထူးမှ မရှိပါဘူး၊ မြို့ထဲသွားရင်လည်း အိမ်တိုင်းကို ကင်းလှည့်တပ်သားတွေ စောင့်ကြပ်ပေးထားတာ တွေ့ရလိမ့်မယ်။ ဒီလိုအခြေအနေကြီးမှာ ဘယ်သူက အထုအထောင်း အဖမ်းအဆီးခံရဖို့ ကိုယ်ထင်လာပြမှာတဲ့လဲ"

"ဟုတ်တော့ဟုတ်တာပ။ ကဲ...ဘာစားချင်လဲ"

"သကြားဆမ်းတဲ့ ငွေချည်မုန့်ချိုရယ်၊ ကျန်းပင်ရယ် အသားစွပ်ပြုတ်ရယ်။အဲ... ပေကျင်းလမ်းမပေါ်က ဖူမာန်ကျင်းဆိုင်ကနေပဲ ၀ယ်လာခဲ့နော်၊ တခြားဆိုင်ဆို မစားဘူး"

"ဟုတ်ပြီ"

သွမ့်ပိုင်ယွဲ့ ထရပ်လိုက်တော့ သွမ့်ယောင်က အတော် အံ့သြသွားသည်။

"နေပါဦး....ကျွန်တော် ဒီလောက်အသေးစိတ်တွေမှာနေတာကို စိတ်မတိုဘူးလားဟင်"

"မနက်စာစားပြီးရင် ကိစ္စတစ်ခုလောက် ကူညီပေး"

ထင်သားပဲ....

ညီငယ်ဖြစ်သူမှာ ဤကိစ္စအတွက် ဘာဆိုဘာမှ မအံ့သြတော့။

ခိုင်းစရာကိစ္စမရှိဘဲနဲ့တော့အားအားယားယား အလိုလာလိုက်မှာမဟုတ်ဘူးဆိုတာ သိပြီးသားပဲ၊ ဟွန့်။

*****

မြို့တွင်း၀ယ် တစ္ဆေသောင်းကျန်းသည့်ကိစ္စကြောင့် လမ်းမကြီးထက်တွင် အတော်ပင် လူသူကင်းစင်နေ၏။ နံနက်စာရောင်းသော ဆိုင်များမှာပင် အစောင့်တပ်သားများ ကင်းလှည့်ပေးသည်ကို စိတ်ချနေ၍သာ အိမ်ရှေ့မှသာ ဆိုင်ဖွင့်ရဲလေသည်၊ ဖောက်သည်တော့ ကျဲပါးသွားသည်ပေါ့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now