Story Description

116K 5.3K 341
                                    

{ Unicode }

မင်းမျိုးမင်းနွယ်မှ ပေါက်ဖွားကြီးပြင်းခဲ့သူတစ်ဦးပီပီ ဧကရာဇ်ချူယွမ်သည်လည်းစစ်တုရင်ကစားရာတွင် ကစားကွက်တိုင်းကို သတိဖြင့်ကစားရသည့်နှယ် မည်သည့်အရေးကိစ္စကိုမဆို သတိကြီးစွာထား၍ ပြုမူလှုပ်ရှားရလေသည် ။ ​​တစ်ကြိမ်မျှ ချွတ်ချော်တိမ်းစောင်းသွားလျှင်ပင် လက်၀ယ်ပိုင်ဆိုင်နေသောအရာအားလုံး တမုဟုတ်ချင်းပင် ဆုံးရှုံးပြိုလဲသွားနိုင်သောကြောင့်ဖြစ်၏။

ထီးနန်းဆက်ခံစဥ်အခါက သက်တော် ဆယ့်ရှစ်နှစ်မျှသာ ရှိခဲ့ပြီး နန်းတက်ပြီး​နှစ်တစ်၀က်ပင်မပြည့်မီတွင် အနောက်တောင်ဘက်နယ်စပ် ယူနန်နယ်၌ ပြည်တွင်းဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာ၏။ အချင်းချင်းအယူအဆကွဲလွဲနေကြသော အိုကြီးအိုမမှူးကြီးမတ်ရာများကလည်း  ယခုအခြေအနေကို ငယ်ရွယ်သောဧကရာဇ်အသစ်က မည်သို့မည်ပုံကိုင်တွယ်မည်ဆိုသည်ကိုသာ စောင့်ကြည့်နေကြလေသည်။

ထိုစဥ် မည်သူကမျှ ထင်မှတ်မထားမိလိုက်သည့်ဖြစ်ရပ်တစ်ခု ကြားဖြတ်ဖြစ်ပွားသွား၏။

ဧကရာဇ်ဖြစ်သူ လက်ဦးမှုမယူလိုက်ရသေးခင်မှာပင် မိုင်ပေါင်းထောင်ချီကွာဝေးသော ရှီးနန်ပြည်၏ဘုရင် သွမ့်ပိုင်ယွဲ့က ၎င်း၏ကိုယ်ပိုင်တပ်ကိုဦးဆောင်၍ ပုန်ကန်သူများအား နှိမ်နင်းချေမှုန်းခဲ့ခြင်းပင်။ ခြောက်လမျှသာ အချိန်ယူလိုက်ရပြီးနောက် ထိုအရေးအခင်း၌ အောင်ပွဲခံနိုင်ခဲ့သည်ဆို၏။

******

နန်းတော်၀င်းထဲ ဖြာကျလာသောကျိုးတိုးကျဲတဲ ငွေလရောင်အောက်၀ယ်
ချူယွမ်က လျှို့ဝှက်စာလွှာတစ်စောင်ကို ချိတ်ဖြင့် ကိုယ်တိုင်သေချာပိတ်ပြီး မိုင်ရှစ်ရာကျော်ဝေးသောယူနန်နယ်သို့
အမြန် ပိို့လွှတ်စေခဲ့သည်။

"ဒီတစ်ခေါက်ရော အလဲအလှယ်အနေနဲ့
ကိုယ်တော်ဘက်က ဘာပြန်ပေးရမလဲ"

အားနှင့်ဖိနှိပ်ရေးထားပုံပေါ်သော အက္ခရာအရေးအသားများအရ စာရေးနေစဥ်တွင် ဧကရာဇ်ငယ်မှာ အမျက်တော်ထွက်နေပြီဖြစ်ကြောင်း မှန်းဆ၍ရနိုင်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now