အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)

17.6K 2.9K 406
                                    

[ချိုချိုသာသာတွေ လာမခေါ်စမ်းနဲ့ ]

အိမ်၀န်းသေးသေးလေး၏ အတွင်းဘက်တွင်ရော အပြင်ဘက်တွင်ပါ တပ်သားအမြောက်အများ စောင့်ကြပ်နေသည်။ ရှစ်ဇီကုန်းကုန်းလည်း ထိုသူနှစ်ယောက်ထွက်သွားတော့မှ ချူယွမ်အား အိမ်ထဲ အသာခေါ်ဆောင်လာခဲ့သည်။ ရှစ်ဇီ ဒေါသထွက်နေသည်ကိုကြည့်ပြီး ချူယွမ်က သဘောကျစွာရယ်မောလိုက်ကာ-

"ရှစ်ဇီ......ဒေါသထွက်လွန်းလို့ နေမကောင်းဖြစ်သွားဦးမယ် ။ တစ်ခုခုဖြစ်သွားရင် ဒီမှာ ကုပေးဖို့ ဘာဆေးမှ မရှိဘူးနော်"

"ဒီသူပုန်တွေတော့ တော်တော်အတင့်ရဲလွန်းနေပြီဘုရား "

ရှစ်ဇီက သက်ပြင်းချကာ ဆက်ဆို၏။

"စစ်သူကြီးရှန် ရှိနေရင်ကောင်းမှာပဲဘုရား။ ဒါဆို သူတို့ ဒီလောက်ထိ ထင်ရာစိုင်းရဲမှာမဟုတ်ဘူး"

"အင်း ။ ဒါပေမယ့် ကိုယ်တော့်အကြံအစည်က ဒီထက် သေသပ်ပိရိနေခဲ့ဦးတော့ ၊ တပ်မှူးချန်တစ်ယောက် လျိုကုန်းတို့ဘက်ပါသွားမယ်လို့ လုံး၀ထင်မှတ်မထားခဲ့တာဘူး ။ တစ်ရာကိုသတိထားခဲ့ပေမယ့် တစ်ခုကို သတိလက်လွတ်မထားကောင်းဘူးဆိုတဲ့စကားက သင်ခန်းစာတကယ်ပေးခဲ့တာပ "

"ဘယ်လိုဆက်လုပ်ကြမလဲ အရှင်မင်းမြတ်။
ဒီလိုစားဖိုမှူးအဆင့်လေးကတောင် သစ္စာဖောက်ရဲတာဆိုတော့ နောက်ကွယ်ကကြိုးကိုင်သူအကြီးကြီးတစ်ယောက် သေချာပေါက် ရှိနေမှာပဲ ။ အခု မြို့တော်မှာရော အခြေအနေ ဘယ်လိုဖြစ်နေမလဲ။"

"မြို့တော်ဘက်တော့ ကနဦးကတည်းကကိုယ်တော် ပြင်ဆင်ထားပြီးသားမို့  စိတ်မပူပါနဲ့ ရှစ်ဇီ။ ရှီးနန်၀မ် သွမ့်ပိုင်ယွဲ့လည်း မြို့တော်မှာ ရောက်နေတာပဲဆိုတော့ လျိုမျိုးရိုး ထင်ရာစိုင်းနေတာကို သူ အေးဆေး ထိုင်ကြည့်နေမှာမဟုတ်ဘူး ။ အလွန်ဆုံး ဒီညသန်းခေါင်မတိုင်ခင် ဒို့တွေကို လာကယ်မယ့်လူ သေချာပေါက်ပေါ်လာလိမ့်မယ် "

"မှန်လှပါ "

အစတော့ ရှစ်ဇီက ခေါင်းတညိတ်ညိတ်နှင့်၊ ထို့နောက် ငိုယိုပြီး ကြမ်းပြင်ပေါ်ထိုင်ချကာ-

"ဒီနေ့ကစပြီးတော့ အရှင့်ကို အလုပ်အကျွေးမပြုရတော့မှာ စိုးရွံ့မိတယ် အရှင်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now