အခန်း - ၁၀၈ (ကျင်းဆူး)

10.5K 1.9K 422
                                    

[ကောလာဟလအသေးစားလေး ထွက်ပေါ်လာခြင်း]

မျဲန်ယားတောင်မှာ လမ်းသွယ်လေးများ စုဆုံဖြတ်သန်းရာများသောတောင်တစ်ခုဖြစ်သည်။ မြို့တော်သို့ လာရောက်ရောင်းဝယ်ကုန်သွယ်ကြသော ကုန်သည်များသာမက ထိုနားတစ်ဝိုက်နေထိုင်သော အရပ်သားများလည်း ထိုတောင်ပေါ်တက်ကာ သစ်ဥသစ်ဖုများ၊ ဆေးမြစ်ဆေးရွက်များ ရှာဖွေပြီးလာရောင်းတတ်ကြ၏။ ထို့အပြင် တောင်ထိပ်ဝယ် ဇရပ်ရှိကာ စာပေပညာရှင်အချို့က ဝိုင်းဖွဲ့စုဆုံပြီး ထိုဇရပ်ပေါ်မှသည် ရှုခင်းများကို ရှုစားကာ သေရည်သောက်သုံးရင်း ကဗျာစာပေဖွဲ့ဆိုတတ်ကြသေး၏။ ထို့ကြောင့် နေ့ခင်းပိုင်းအချိန်ဆိုလျှင် လူသူစည်ကားနေတတ်ကာ ညအချိန်မှာမှ တစ်မူပြောင်းလဲပြီး လုံးဝ တိတ်ဆိတ်သွား၏။

တောင်တက်လမ်းတစ်လျှောက်တွင် မီးရှူးတိုင်များ၏အလင်း​ရောင်များက တန်းစီလင်းဖြာနေလို့။ ထိုမီးရောင်တန်းမှာ နန်းတော်မှ ရဲမက်များဖြစ်လေရာ ပျောက်သွားသောလူများကိုလိုက်ရှာနေကြသည်။ ရဲမက်အင်အား အများအပြား ခေါ်ဆောင်လာပြီး တစ်ညလုံးရှာခဲ့သော်လည်း အရိပ်အယောင်မျှပင်မတွေ့။ ရှာတွေ့ဖို့ကလည်း တကယ်တမ်း သိပ်ပြီး မသေချာပေ။ ဤမျှကြီးမားကျယ်ဝန်းသော တောင်နယ်နိမိတ်ကြီးထဲမှာ လူဆယ်ယောက်မဆိုထားနှင့် ၊  ရဲမက်ထောင်ချီပြီးပျောက်သွားလျှင်တောင် ရှာရခက်သောကြောင့်ပင်။

****

နန်းတော်ထဲတွင်လည်း။

လျိုတာ့ကျုံ့က စိုးရိမ်တကြီးဆိုလာ၏။

"ဒီလိုမျိုး ကြိတ်ပြီးလိုက်ရှာနေတာမျိုးက အလုပ်မဖြစ်လောက်တော့ပါဘူးဘုရား"

"အိုက်ချင်းတို့ရော ဘယ်လိုအမြင်မျိုးရှိသေးလဲ၊ ပြောကြည့်စမ်းပါဦး"

"အရှင်မင်းမြတ်၊ တကယ်လို့များ အယောက်တိုင်း အဖမ်းခံသွားရတယ်ဆို နန်ဟိုင်ဓားပြတွေရဲ့လက်ချက်ပဲဖြစ်လောက်ပါတယ်ဘုရား"

ချူယွမ်က ခေါင်းညိတ်လိုက်သည်။

"ချူရှိန့်လား။ ကိုယ်တော်လည်း အဲ့လို ထင်မိတယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now