အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)

8.3K 1.5K 167
                                    

[အရေးကြီးလာရင် မရီးတော်က နောင်တော်ကိုပဲ ရွေးချယ်လိုက်တာပါ့ရော]

"ပင်ပန်းနေလား"

အခန်းထဲတွင်ဖြစ်၏။

သွမ့်ပိုင်ယွဲ့က ချူယွမ်အနားသို့တိုးကာ တိုးတိုးဖွဖွ ဆက်ပြောလာသည်။

"စံအိမ်တော်ထဲ ဧည့်ခံကျွေးမွေးပွဲရှိတယ်။ မင်း ဆူဆူညံညံ စည်စည်ကားကားပွဲတွေ မကြိုက်ဘူးဆိုရင်လည်း တခြားလူတွေကိုသာ သွားစားခိုင်းပလေ့စေ ၊ မင်းအတွက် သီးသန့်ချက်ပေးခိုင်းပြီး ဒီကိုလာပို့ပေးဖို့ စားဖိုဆောင်ကို ကိုယ်ပြောပေးလို့ရတယ်"

ချူယွမ်က လက်လှမ်းလိုက်ကာ သွမ့်ပိုင်ယွဲ့ကို တွန်းလိုက်၏။

"စံအိမ်တော်ထဲ ဧည့်ခံကျွေးမွေးပွဲရှိတာကို မင်းနဲ့ငါ မသွားဘူးဆိုရင် လူတွေပြောစရာဖြစ်သွားမှာပေါ့"

"ရှီးနန်စံအိမ်တော်ထဲ ရှိတဲ့လူအယောက်တိုင်းက စိတ်ချယုံကြည်လို့ရတဲ့လူတွေချည်းပဲ၊ ဘာကိစ္စ ဒီလိုကိစ္စမျိုးကို စိတ်ထဲ ထည့်နေရမှာလဲ"

"လူတိုင်းနဲ့ ထမင်းလက်ဆုံသွားစားလိုက်စမ်းပါ၊ အခုမှ ညအစောပိုင်းပဲရှိသေး ။ မင်း ငါ့ကို စံအိမ်တော်တစ်ပတ်ပတ်ပြီး လိုက်ပြလေ"

သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ကိုယ်လတ်သုတ်သင်သန့်စင်ရန် အမှုထမ်းများအား ရေနွေးများယူလာစေလိူက်ပြီးနောက် အိပ်ခန်းဆောင်မှ အတူတူပြန်ထွက်လာခဲ့သည်။

*****

ရွှေနန်းတော်နှင့် နှိုင်းယှဥ္လိုက်လျှင်တော့ ရှီးနန်စံအိမ်တော်က သိပ်ပြီး ကြီးမားထည်ဝါလှသည်ဟု မဆိုသာ၊ သို့သော်လည်း အလွန်ကိုမှ ခမ်းနားတင့်တယ်သည့်အထဲတော့ ပါပေ၏။ အရင်နှစ်များတုန်းက အခြားလူများ၏အမြင်တွင် ရှီးနန်စံအိမ်တော်က ရက်စက်ကြမ်းကြုတ်ကာ အလိုလောဘများသည် ၊ ဧကရာဇ်ချူနှင့် သင့်မြတ်ခြင်းမရှိဟု ထင်မှတ်မှားစေလိုသဖြင့် ရွှေနန်းတော်၏ ဗိသုကာလက်ရာများနှင့် ထပ်တူကျအောင် စံအိမ်တော်ကို တိုးချဲ့ဆောက်လုပ်စေခဲ့သည်။ ကျောက်သားတံတားရော၊ ဥယျာဥ်တော်ထဲရှိ ရေပန်းများကပါ နန်းတော်ထဲတွင်ရှိနေသည့်ပုံစံများအတိုင်း အပြစ်ဆိုဖွယ်ရာမရှိ တစ်ထပ်တည်း တူညီနေပေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now