အကြံပြုချက် တောင်းခံလွှာ + Announcement

7.2K 963 125
                                    

မတွေ့ရတာကြာလို့ အလွမ်းပြေ စကားလာပြောတာပါ။ Update မဟုတ်တဲ့အတွက် အရင်ဦးဆုံး တောင်းပန်ပါရစေရှင်။

ပြောချင်တဲ့ကိစ္စက နှစ်ခုပါ။ Updateအကြောင်း အကြံပြုချက်ရယ်၊ Announcement တစ်ခုရယ်။

About an Update:

အာဏာသိမ်းလိုက်တဲ့အတောအတွင်း အမောပြေပါစေဆိုပြီး နှစ်ပိုင်းလား တင်လို်က်ပါသေးတယ်။ နောက်ပိုင်း အခြေအနေပိုဆိုးလာတာရော၊ personal life မှာလည်း ဆုံးရှုံးရတာတွေရှိလာလို့ တော်တော်နဲ့ နလန်ကိုပြန်မထူနိုင်ခဲ့တာပါ။ ဒါကတော့ ကိုယ့်ဘက်က ပြဿနာပေါ့။

နောက် ဖတ်တဲ့လူဘက်ကလည်း သိပ်ပြီးမျှော်နေမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပါတယ်။ ပြီးတော့ ဖတ်ချင်စိတ်ရော ရှိပါ့မလားပေါ့။ ဒါပေမယ့် စာဖတ်သူတွေဘက်က Di Wang ကို ပြန်ဖတ်ဖြစ်ပါတယ်၊ တစ်ချို့ကလည်း ဖတ်ပြီး စိတ်ချမ်းသာရပါတယ်၊ Update စောင့်ရင်း ပြန်ပြန်ဖတ်ဖြစ်ပါတယ်လို့ ပြောပြလာခါမှ ဝမ်းသာမိသလို အရမ်းလည်း အားနာမိပါတယ်။

(Tu Fei ကို တင်ကြည့်လိုက်သေးတယ်၊ ဒါပေမယ့် Di Wangကို ပိုမျှော်ကြတဲ့ပုံပဲ)

ကိုယ် သဘောကျရတဲ့ နယ်ပယ်တူ senpai တွေကိုကြည့်လိုက်တော့လည်း CDM အတွက် Funding တွေကို အနုပညာစွမ်းရည်နဲ့ ကြိုးစားရှာဖွေပေးနေတာ တွေ့ရပါတယ်၊ အရမ်းလေးစားရပါတယ် ။ ကိုယ်တိုင်ကသာ CDM လုပ်နေပေမယ့် အဲ့လိုမျိုး အစွမ်းအစ မရှိပါဘူး၊ အတည်ပြောတာပါ ။

ဒါ​ကြောင့် Di wang သာ စာဖတ်သူတွေကို Emotional Healing ပြန်ပေးနိုင်တယ်ဆိုရင်၊ ဖတ်ဖို့လည်း အဆင်ပြေတယ်ဆိုရင်တော့ ပြန်တင်ပေးပါ့မယ်။ ကိုယ် ကူညီနိုင်တာ ဒါပဲရှိလို့ပါ။

Announcement :

ဘယ်အချိန် တင်ပေးဖြစ်မလဲ မသိသေးပေမယ့် နောက်​Transအသစ်တစ်ပုဒ် ထပ်တင်ဖို့ ရှိပါတယ်။

CP အရောင်လေးကတော့ 🖤💚 ပါ။

ကိုယ့်ကိုယ်ကိုလည်း အံ့ဩမိပါတယ်၊ ဘာလို့များ အဲ့လိုအတွဲမျိုးတေကိုချည်း ကြိုက်နေမိတာလဲ၊ ဘယ်လိုသတ္တိနဲ့များ သူ့ရဲ့ဝတ္ထုကိုမှဘာသာပြန်ချင်စိတ်ပေါက်နေတာလဲဆိုပြီး။

ဆိုတော့ - ဒါပါပဲ။

မနက်ဖြန်လည်း Silent Strike ဆိုတော့ အကုန်လုံးက အိမ်မှာ နားဖြစ်ကြမယ်ထင်လို့ လာ​ပြောကြည့်တာပါ။ အကြံပြုချက်လာတောင်းတာလို့ ပြောရင် ပိုမှန်တာပေါ့။

မတင်ဖြစ်ရင်လည်း မျှော်နေတဲ့လူတွေကို အားနာရတယ်၊ တင်ဖြစ်ရင်လည်း မကောင်းတတ်သလို ဖြစ်သွားမလားပေါ့။ ဆိုတော့ အများရဲ့ဆန္ဒအတိုင်းပဲ လိုက်လျောပေးသွားပါ့မယ်။ အကြံပြုပေးခဲ့ကြပါ။

- ဘေးကင်းလုံခြုံကြပါစေလို့ အဝေးကနေ ဆုတောင်းမေတ္တာပို့သလျက်။

ArtemisJT21 💜💛

2021.03.23.

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Donde viven las historias. Descúbrelo ahora