အခန်း - ၁၁၂ (အကြံအစည်)

9.6K 1.8K 620
                                    

[တစ်ခါလောက် သွားကြည့်လိုက်ရင်လည်း ဘာမှမဖြစ်ပါဘူး]

"ဘယ်လိုလဲ၊ စဥ်းစားလို့ရပြီလား"

ဒူဝူက ကြာပွတ်ကို မြွေများဆီ ရိုက်လိုက်ရာ အောက်က မြေမှုန့်များသည်ပင် လွင့်စင်ရိုက်ခတ်သွားကြသည်။သွမ့်နေ့မှာ တစ်ကိုယ်လုံး တုန်ယင်လာ၏။

"အဲ့ဒီအချုပ်အလုပ်ပညာက နှစ်ပေါင်းထောင်ချီပြီး အဆင့်ဆင့်လက်ကမ်းလာခဲ့တဲ့ ကျုပ်တို့မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ်ပဲ။ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင် ကျုပ် ထုတ်မပြောဘူး"

သွမ့်ပိုင်ယွဲ့က စကားတစ်လုံးချင်းစီကို လေးနက်စွာပြောလာ၏။ သို့သော် ဘယ်နေရာမှာမှ ညှိနှိုင်းဆွေးနွေးခွင့် လမ်းဖွင့်မပေးထား။

ဒူဝူက သွေးအေးစွာ ရယ်လိုက်ကာ သွမ့်နေ့ဘက် လှည့်လိုက်ပြီး​မေးလိုက်သည်။

"မင်းရော......မပြောပြဘူးပဲလား"

"ကျွန်တော် မပြောပြတာမဟုတ်ဘူး"

သွမ့်နေ့က သွမ့်ပိုင်ယွဲ့ဘက် တစ်ချက်လှည့်ကြည့်လိုက်သေးသည်၊ တစ်ဖက်လူက ဘာအရိပ်အယောင်မျိုးမှ မပြတော့မှ သတိကြီးစွာထားပြီးဆက်ပြောလာ၏။

"ဘာမှကို မသိတာပါ"

လုံးဝကို အပြစ်ကင်းစင်နေပါသည်။

"မသိဘူးဟုတ်လား?"

ဒူဝူက နောက်တစ်ခေါက်ထပ်မေးလာ၏။ သွမ့်နေ့က ခေါင်းညိတ်ပြလိုက်သည်။

"တကယ် မသိ....."

စကားပင် ပြောလို့မဆုံးလိုက်သေး၊ မြွေနှင့်အလားတူသော ကြာပွတ်က သွမ့်နေ့ခါးကို ရစ်ပတ်လိုက်သည်။ ချွန်မြသော သွားစွယ်များနှင့်တူသည့် ဆူးချွန်များကလည်း သူ့အသားများပေါ် ကုပ်ကွယ်ထားလို့။ ထို့နောက် မိုးပေါ်မြောက်တက်သွားသည့်အထိ ဆွဲမြှောက်ခံလိုက်ရပြီး အဆိပ်ရှိသတ္တဝါမျိုးစုံ ပြည့်နှက်နေသည့် ခြေတစ်ရာအဆိပ်တွင်းထဲသို့ ပစ်ချခံလိုက်ရ၏။

"ခင်ဗျား!!!!!!"

သွမ့်ပိုင်ယွဲ့တစ်ယောက် အရမ်းကိုမှ ထိတ်လန့်သွားကာ ဒူဝူနှင့် ငြင်းခုန်ရန်ပွားရန် လှမ်းအလာ ၊ တစ်စုံတစ်ယောက်က သွမ့်ပိုင်ယွဲ့၏လည်ပင်းအား ဓားဖြင့် မိုးထားလိုက်ပြီဖြစ်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now