အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)

14K 2.3K 272
                                    

[တကယ် မဆိုးဘူးပဲ]

သွမ့်ယောင်ကတော့ တံခါးနောက်ကွယ်၌ ပုန်းကာ ခေါင်းအနည်းငယ်ဖော်ထားရုံမျှသာ ချောင်းနေ၏။ မိမိဆရာဖြစ်သူနှင့် ထိုအဘိုးအိုတို့ တကယ်ရန်သတ်လာကြလျှင် ထွက်ပဲပြေးရမလား၊ ၀င်ပဲ ဆွဲရမလား သူမပြောတတ်သေး။

နန်မော်ယဲ့က ထိုအဘိုးအိုအား ငြိမ်သက်စွာ အတန်ကြာ ထိုင်ကြည့်နေ၏။ ထို့နောက်ရုတ်ရက် ချက်ချင်းကြီး စတင်တိုက်ခိုက်လိုက်၏။

သွမ့်ယောင်မျက်နှာ လုံး၀ဖြူဆုတ်သွားကာ အမြန်ပင် ၀င်သွားတော့သည်။ ထိုအဘိုးအိုကတော့ တစ်လက်မမှပင် မရွေ့။

နဖူးတည့်တည့်ကို လက်ဝါးစောင်းဖြင့် ခုတ်ရိုက်ပစ်ခါနီး ကပ်သီလေးမှာပင် နန်မော်ယဲ့က မိမိလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သွမ့်ယောင်လည်း အမြန်ပင် ဆရာဖြစ်သူကို ဆွဲဖက်ပြီး ထိန်းထားလိုက်လေသည်။

ရှစ်ဖူးရေ.....စိတ်အေးအေးထားပါဦးဗျ။

"အသင်က သူရဲကောင်းနန်ဆိုရင် ဒီသခင်လေးက ရှီးနန်ရဲ့ သွမ့်ရှောင်၀မ်ရယ်ပဲဖြစ်ရမယ်။ ဒါဆိုရင် အရင်ရက်က လာတဲ့တစ်ယောက်တော့ ရှီးနန်၀မ်ပဲဖြစ်ရမယ်"

"ခင်ဗျား တကယ် ဘာမှမသိတာလား။ဘာရည်ရွယ်ချက်ရှိလို့ ဒီလိုမျိုးတွေလုပ်နေသလဲဆိုတာကို ချက်ချင်းထုတ်ပြောလိုက်စမ်း"

နန်မော်ယဲ့က သူ့အား စစ်ဆေးမေးမြန်းလာ၏။

"ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဒါပေမယ့် သွမ့်၀မ်တစ်ယောက် လေးနက်သိပ်သည်းလှတဲ့ အချစ်မျိုးနဲ့ ချစ်တတ်နေတာကို မြင်ရတော့ အတော်လေး သဘောကျသွားရုံတင်ပါ။ ရွှေချည်ပိုးကောင်ကို အဆိပ်မဖြေပေးနိုင်ပေမယ့် ဖန်ရှင်းကစားကွက်ကိုတော့ နိုင်အောင် သင်ပေးတတ်ပါတယ်။ ကံကြမ္မာက ကူညီဖို့ အခွင့်မပေးပေမယ့် သွယ်ဝိုက်သောနည်းနဲ့ တစ်တပ်တစ်အားများ အကူအညီဖြစ်မလားပေါ့"

နန်မော်ယဲ့ ပိုလို့တောင် တုံ့ဆိုင်းလေးလံသွား၏။

"သင်မလား ၊ မသင်ဘူးလား"

အဘိုးအို၏အမေးစကားကို သွမ့်ယောင်ခမျာ 'သင်ပါ့မယ်ခင်ဗျ'ဟု အားပါးတရကြီး အော်ပစ်လိုက်ချင်သော်လည်း - လုပ်လို့မရ ၊ ရှစ်ဖူးရှိနေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now