အခန်း - ၁၃၆ (အိပ်မက်ဆိုး)

18.6K 1.8K 200
                                    

[နောင်တော် ပြန်သက်သာသွားရင် အဲ့ထိပ်ပြောင်ကို ဖမ်းပြီး သင်းကွပ်ရမှာပဲ]

"ပြည်နယ်ဘုရင်၊ အခန်းပြန်သွားပြီး အနားယူလှည့်ပါ"

ယဲ့ကျင်က နာ့ဝါကို ဆွဲထူရင်းပြောလိုက်၏။ သို့သော် နာ့ဝါကမူ -

"ကျွန်တော်မျိုး ကမ်းခြေဘက် ခဏသွားကြည့်လိုက်ပါဦးမယ်"

နာ့ဝါမျက်နှာတစ်ခုလုံး ဖြူဆုတ်နေကာ သူ့ဘာသာထကြည့်ရန် လုပ်နေ၏။

"ချန်းဖုန်းရှိနေတယ်၊ ဒဏ်ရာရထားတဲ့ ပြည်သူတွေကို သင့်လျော်လျောက်ပတ်တဲ့နည်းနဲ့ ဆေးကုစရာရှိကု၊ စီစဥ်စရာရှိတာ သူစီစဥ်ပေးလိမ့်မယ်။ အခု တိုင်းသူပြည်သားတွေက စိတ်နှလုံးအားငယ်နေကြတာ၊ ဘယ်သူက ဘုရင်အစစ်အတုမှန်း သူတို့မသိကြဘူး။ ပြည်နယ်ဘုရင်သာ ကမ်းပေါ်ပြန်တက်သွားခဲ့ရင် အထင်လွဲကြပြီး ရန်ပြုနေကြပါဦးမယ်"

"ဒီလိုမျိုး လူအစုလိုက်အပြုံလိုက် အသတ်ခံနေရတဲ့အချိန်မှာ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ကွယ်ရာမှာပုန်းနေနိုင်မှာလဲဘုရား"

"ဒါ ပုန်းနေတာမဟုတ်ဘူး၊ ခေတ္တယာယီ အစီအစဥ်ပြောင်းတာလို့ခေါ်တယ်။ အခုလောလောဆယ် တာ့ချူတပ်သားတွေ အရေအတွက်အကန့်အသတ်မရှိ ကမ်းပေါ်တက်ခွင့်ရနေပြီ။ တပ်ဖွဲ့တိုင်းက ပိုင်ရှန့်သားတွေကို ကာကွယ်စောင့်ရှောက်ပေးထားမယ်။ အဲ့ထဲကနေ ပြည်နယ်ဘုရင်အတွက် တစ်ဖွဲ့ခွဲပြီး လူမျှပေးရလို့ကတော့ ပြည်သူပြည်သားတွေဘက်က ကူညီခံရဖို့အခွင့်အရေး လူထပ်လျှော့သွားမယ်"

နာ့ဝါ၏လည်ဇလုပ် မြင့်တက်သွား၏။ သို့သော် သူ ဘာပြောရမည်မှန်း မသိတော့။ ထို့နောက် တစ်ဖက်လူ၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရကာ သင်္ဘောဝမ်းခန်းထဲရှိ မိမိအခန်းထဲသို့ ပြန်သွားလိုက်ရလေသည်။

*****

နျဲ့ယွင်စန်းက နာ့ဝါအား သွားရောက်ကြိုဆိုရန် တစ်မြို့လုံးရှိလူကို စုစည်းထားခြင်းဖြစ်ရာ ယခုလိုမျိုး ပေါက်ကွဲမှုကြီးဖြစ်သွားတော့ မြို့လုံးကျွတ်မျှ ထိုအဖြစ်ထဲပါသွားကြပြီး သူအို၊ မိန်းမ၊ ကလေးနှင့် ထိုပေါက်ကွဲမှုမှ လွတ်မြောက်လာသောလူအနည်းငယ်တို့သာ ကျန်ရစ်နေခဲ့၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Tahanan ng mga kuwento. Tumuklas ngayon