အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)

14.2K 2.5K 470
                                    

[ ယွီ့ကွမ်းတောင်ဘက် တစ်ခါလောက်တော့ သွားချင်တယ်]

Unicode version :

"ငါ တကယ် အဲ့ဒီအဖိုးမုချီဆိုတဲ့လူ မဟုတ်ရပါဘူးကွာ"

နန်မော်ယဲ့က စိတ်ညစ်စွာ အော်ဟစ်ပြီးဆိုလာ၏။

ဘာလို့ ငါ့ကို ကြိုးတုပ်ပြီး ခေါ်လာတာလဲဟ။

ဆိုက်ဖန်းအန်းက တည်းခိုဆောင်အခန်းတစ်ခန်းထဲရှိ ထိုင်ခုံပေါ် သူ့အားထိုင်စေလိုက်ကာ အမျက်ချောင်းချောင်းထွက်နေသဖြင့် နီရဲနေပြီဖြစ်သော မျက်၀န်းများဖြင့် မေးလာ၏။

"ဒီထက်ပိုပြီး ဖုံးကွယ်လိမ်ညာနေမယ်ဆိုရင် အဖိုး ကျွန်တော့်ကို အဆိုးမဆိုပါနဲ့"

နန်မော်ယဲ့ အကျယ်ကြီးမအော်ရဲတော့၊ တိုးတိုးလေးသာ ရှိုက်ငိုတော့၏။ဆိုက်ဖန်းအန်းကလည်း လေသံကိုနှိမ့်လိုက်ကာ-

"ချဲန်းဟေဟွမ်ပြီးဖို့ ဘယ်နှစ်ရက်လိုလဲ"

"ခုနစ်ရက်"

"အရင်တစ်ခေါက်တုန်းက နေ့တစ်၀က်ပဲကြာပါတယ်"

"အဲ့တာ အရင်တုန်းကလေကွာ၊ အခု ငါ အသက်ကြီးပြီလေ၊ မျက်စိကလည်း မှုန်နေပြီ"

"ဟုတ်ပြီ၊ ခုနစ်ရက်ဆိုလည်း ရပါတယ်။ ချိုးရွှမ်ကျီးယန္တရားတိုက်လည်း ဖျက်ဆီးခံလိုက်ရပြီ၊ ဖန်ရှင်းပုလဲလည်း အခိုးခံလိုက်ရပြီ၊ အဖိုး ဒီကိစ္စတွေကိုရော သိရဲ့လား"

နန်မော်ယဲ့က ခေါင်းခါပြသည်။

"သိုင်းလောကကလူတွေတော့ အမျိုးမျိုးပြောဆိုနေကြတယ်၊ တွေးကြည့်လိုက်ရင်တော့ သိုင်းပညာအဆင့်အရမ်းမြင့်တဲ့လူကပဲ ယူသွားတာဖြစ်လောက်တယ်"

နန်မော်ယဲ့က စိတ်ထဲမှ တွေးလိုက်၏။

အဆင့်မြင့်တာပေါ့ကွ ။ မင်းဘိုးအေ ငါကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တဲ့ တပည့်ကွ။

"ခုနစ်ရက်ပြည့်တာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ချဲန်းဟေဟွမ်ကို ရချင်တယ်"

ဆိုက်ဖန်းအန်းလေသံက ညှိနှိုင်းစရာ လမ်းပင် ချန်မထား။ နန်မော်ယဲ့က အသာထိုင်နေကာ ပါးစပ်မှ ပွစိပွစိ ဆို၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now