အခန်း- ၁၇ (ထျဲန်းချန်ချား)

14.6K 2.8K 788
                                    

[တထစ်ချပြောလို့မရဘူး... တွေ့ရင်တွေ့နိုင်တာပဲ]

Unicode version:

ရှစ်ဇီကုန်းကုန်းမှာ ၀ဖြိုးကြီးမားသောကိုယ်လုံးကိုယ်ထည်ရှိသော်လည်း သိုင်းပညာကျင့်ကြံဖူးသူမဟုတ်သဖြင့် သွမ့်နေ့
ဆွဲခေါ်ရာနောက် လွယ်လင့်တကူပင် ပါလာခဲ့လေသည်။ထို့ကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်စွာသာ ကျန်ရစ်နေခဲ့သည်။

မျက်စိတစ်မှိတ်စာအတွင်းမှာပင် သွမ့်ပိုင်ယွဲ့ကို လျင်မြန်ဖျတ်လတ်စွာ အတောင်ချွတ်အမွေးနှုတ်သွားသော နန်မော်ယဲ့၏ လက်ရာကို ချူယွမ် ပေကလပ်ပေကလပ် ကြည့်နေ၏။ခန္ဓာကိုယ် အောက်ပိုင်းတစ်၀က်ကိုလွှမ်းထားသော အတွင်းခံဘောင်းဘီရှည်သာ ကျန်ရစ်ခဲ့၍ ကျစ်လျစ်တောင့်တင်းသော အပေါ်ပိုင်းခန္ဓာကိုမူ အထင်းသား မြင်နေရလေသည်။

"ကျွန်တော်မျိုးအစား သူ့ကိုခဏ ပွေ့ဖက်ပေးထားပါလားဘုရား"

နန်မော်ယဲ့က သေချာမှာတမ်းခြွေလိုက်သေး၏။ချူယွမ်မှာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သွမ့်ပိုင်ယွဲ့ကို ထူမလိုက်ကာ မိမိရင်ခွင်ပေါ် မှီလှဲစေလိုက်သည်။

နန်မော်ယဲ့က အပ်တစ်ချောင်းထုတ်ယူလိုက်ပြီး အပ်စိုက်ကုစရာနေရာတစ်ခုသို့ စိုက်လိုက်သည်။ တကယ်တော့ မည်သည့်အာနိသင်မှတော့ရှိမနေ ၊ နာအောင်လုပ်ရုံသာဖြစ်သည်၊  ဟိုးရိုးတွင်းခြင်ဆီထိ နှလုံးသည်းပွတ်ထိ နာကျင်စေရန်သာဖြစ်သည်။ နန်မော်ယဲ့လက်ချက်ကြောင့် သတိလစ်မေ့မြောနေသော သွမ့်ပိုင်ယွဲ့သည်ပင် တစ်ချက်တစ်ချက် မျက်နှာပျက်သွားလေသည်။နန်မော်ယဲ့ကလည်း ချူယွမ်ကို ထပ်ခါတလဲလဲ သတိပေး၏။

"သူ့ကို မြဲမြဲဖက်ထားပေး၊ လွတ်မသွားစေနဲ့"

ချူယွမ် -  "........"

နာရီ၀က်အတွင်းတွင် နန်မော်ယဲ့မှာ သွမ့်ပိုင်ယွဲ့၏ခန္ဓာကိုယ်ပေါ် ငွေအပ်ပေါင်း တစ်ရာကျော်မျှ စိုက်ပြီးသားဖြစ်လေသည်။

တစ်၀က်က ​ေ၀ဒနာသက်သာရန်ဖြစ်ပြီး တစ်၀က်က ကရုဏာသက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။

ချူယွမ်လည်း မိမိရင်ခွင်ထဲမှ လူသားမှာ ​ေ၀ဒနာအရှိန်ကြောင့် အစဥ်မပြတ် နာကျင်စွာ ခံစားညည်းညူနေရသည်ကို မြင်တော့  မသိလိုက်မသိဘာသာ ပို၍တင်းကျပ်စွာ ပွေ့ဖက်ထားမိရှာသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now