အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)

18.3K 2.8K 787
                                    

[ဟန်ဆောင်နေတာတွေ အတည်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ]

အဆိပ်ဖြေဆေးဟုတ်လား။

သွမ့်ပိုင်ယွဲ့ မျက်မှောင်အနည်းငယ်ကြုတ်မိသွား၏။ ဤသို့သောကိစ္စမျိုးရှိခဲ့ဖူးမှန်း သူ လုံး၀မသိခဲ့။ သွမ့်ပိုင်ယွဲ့ တိတ်ဆိတ်သွားသည်ကိုတွေ့တော့ ထိုလူက ထပ်မံပြောဆိုလာ၏။

"အဲ့ဒါကြောင့် မင်းတို့လို ကလေးတွေနဲ့ မပြောတော့ဘူးလို့ ပြောနေတာ.... မင်းအဖေကို သွားခေါ်လာခဲ့"

"ပန်၀မ်တို့ရဲ့ခမည်းတော်ကြီး ဆုံးပါးသွားခဲ့တာ ကြာညောင်းခဲ့ပါပြီ"

ပတ်၀န်းကျင်တစ်ခွင် ပြန်လည်တိတ်ဆိတ်သွား၏။ထိုသူမှာ အတော်ကြာကြာပင် ပါးစပ်ဟောင်းလောင်းဖြစ်ကာ အံ့အားသင့်နေရှာသည်။

"ဒီကလူကြီးမင်းက အဆိပ်သင့်ထားလို့လား"

အမေးစကားပင်မဆုံးမီ ထိုလူက တစ်ကိုယ်လုံးတောင့်တင်းကာ ဗိုင်းခနဲလဲကျသွားသဖြင့် ရွေးစရာမရှိသည့်အဆုံး ၊ သွမ့်ပိုင်ယွဲ့က ထိုလူအား စံအိမ်သို့ခေါ်လာကာ သီးသန့်အခန်း ပြင်ဆင်ပေးစေပြီး သမားတော်ပင့်ဆောင်ကာ ကုသပေးရလေသည်။

သွမ့်ယောင်က တံခါးနားကပ်ကာ ခိုးကြောင်ခိုး၀ှက်လေးသာ နားထောင်ရဲ၏၊ ခေါင်းတစ်၀က်မျှဖော်ကာ ပြူတစ်ပြူတစ်လုပ်နေသည်။

"၀င်လာခဲ့"

သွမ့်ပိုင်ယွဲ့ထံမှခွင့်ပြုချက်ရတော့ သွမ့်ယောင် အခန်းထဲ ၀င်လာ၏။ အပြစ်ရှိသလို ခံစားနေရဆဲပင်။

"ကျွန်တော် သူ့ကို တကယ်ပဲ ဒီလောက်ထိ ဒဏ်ရာရစေခဲ့တာလားဟင် ၊ လက်စောင်းတစ်ချက်တည်းပဲ ရိုက်ခဲ့တာကို။ ပြောတော့ ဒီလူက သိုင်းပညာအဆင့်အရမ်းမြင့်တယ်ဆို"

"မင်း ဘာကိစ္စ အဲ့နေရာသွားတာလဲ"

"ကျွန်တော် တမင်သွားတာမဟုတ်ဘူးနော်"

သွမ့်ယောင်က အမှန်အတိုင်းဖြေဆိုလာ၏။

"မြွေစိမ်းတစ်ကောင်ကို ကျွန်တော်လိုက်ဖမ်းနေရင်း အဲ့နေရာ ရောက်မှန်းမသိ ရောက်သွားတာ။ သူက ကျွန်တော့်ရှေ့ ဗြုန်းစားကြီး ရောက်လာပြီး ဘာမပြောညာမပြော တိုက်ခိုက်လာတာလေ ၊ ကျွန်တော်လည်း တစ်ချက်လောက် လက်၀ါးစောင်းနဲ့ခုတ်ချလိုက်ပြီး ထွက်ပြေးလာတာပဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now