အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)

10.3K 2.3K 470
                                    

[အရင်သေတဲ့လူ အနိုင်ရစတမ်း]

"အရှင်မင်းမြတ် ဒီကိုရောက်လာနေပြီ...."

သွမ့်ပိုင်ယွဲ့ခေါင်းထဲတွင် ထိုစကားမှာ ပဲ့တင်သံနှယ် အခါခါ မြည်ဟီးရိုက်ခတ်နေ၏။

"ဘယ်....ဘယ်လိုလုပ်ကြမလဲ"

သွမ့်ယောင်က စ်ုးရိမ်တကြီး ထပ်မေးလာ၏။

အနည်းဆုံးတော့ နှစ်သစ်ကူးပြီးမှ ရောက်လာရမှာ မဟုတ်ဘူးလား၊ လမ်းမှာတောင် နှစ်လသုံးလလောက်ကြာဦးမှာလေ၊ အနည်းဆုံးနွေဦးလောက်ကျမှ ရောက်လာရမှာလေ။ ဘာလို့ အခုချက်ချင်းကြီး ရောက်ချလာတာလဲ။

"သူ အခု ဘယ်မှာလဲ"

"မြို့တံခါးကို ရောက်နေပြီ၊ နာရီဝက်လောက်ဆိုရင်ကို အိမ်ရောက်လာလောက်ပြီဗျ။ တခြားမှုးမတ်တွေလည်း ပါမလာဘူး ၊ လျှို့ဝှက်သက်တော်စောင့်တောင် ဆယ်ယောက်လောက်ပဲ ပါလာခဲ့တာ။ သွမ့်နေ့လည်း ပါမလာဘူး"

"နောင်တော်....."

ရှောင်ဝူကပါ မေးလာ၏။

"အရှင်မင်းမြတ်ကို သွားတွေ့ဦးမှာလား"

သွမ့်ပိုင်ယွဲ့က ခေါင်းခါပြသည်။

သွမ့်ယောင် တစ်ခုခုပြောမည်ကြံသေးသော်လည်း နန်မော်ယဲ့က ချက်ချင်းပင် သူ့ကျောပြင်အား ဆွဲဆိတ်လာသဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။

"ငါ အိမ်နောက်ကတောင်ကုန်းဘက် သွားရှောင်နေလိုက်မယ်။ ကျန်တာကတော့ အရင်ကတည်းက တိုင်ပင်ထားတဲ့အတိုင်းပဲ ပြောလိုက်ကြ"

"ဒါဆို ကျွန်တော်လည်း လိုက်ခဲ့မယ်"

သွမ့်ယောင်က အမြန်ပင် လက်မြှောက်ပြကာ လိုက်သွား၏။

ခဏနေ ဘာများဖြစ်လာမလဲလို့ မှန်းတောင် မမှန်းတတ်တော့ဘူး၊ တတ်နိုင်သလောက် ဝေးဝေးရှောင်မှ ဖြစ်မယ်။

သွမ့်ပိုင်ယွဲ့ထွက်သွားပြီးနောက် ဟွားထန်ကလည်း ကျောက်ဝူဘက် လှမ်းကြည့်လာ၏။

"မင်းတို့လည်း အသာရှောင်နေလိုက်တော့"

နန်မော်ယဲ့က သူတို့ဇနီးမောင်နှံအား လက်ပြလိုက်ကာ ဆိုလိုက်၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now