အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)

12.2K 2.3K 627
                                    

ချူချိန်ကတော့ အမျက်တချောင်းချောင်းထွက်နေချေပြီ။

"ကျွန်ုပ် မှတ်မိသလောက်တော့ အသင်အမတ်မင်းက သွမ့်ပိုင်ယွဲ့နဲ့ ငြိမ်းချမ်းရေးညှိနှိုင်းဖို့ရာ ရောက်လာခဲ့တာမဟုတ်လား"

ချူချိန်၏ စွပ်စွဲထိုးနှက်ချက်များကြား ဝမ်းလျိုနျဲန်က ဒေါသများကို အနိုင်နိုင်မျိုချထားကာ ဘာမှတုံ့ပြန်ပြောဆိုခြင်းမရှိ။

ကျွန်တော်လည်း ညှိနှိုင်းပြီးပြီလေ။

သူ့ဘာသာသူ အောင်မှမအောင်မြင်ဘဲ ဘယ်သူ့ကို အပြစ်တင်ရမလဲပြော။

ကျွန်တော့်ကိုပဲ အပြစ်အားလုံး လာပုံချချင်တယ်ပေါ့၊ အဲ့လိုဆိုလည်း နည်းနည်းပါးပါး အကျိုးနဲ့အကြောင်းနဲ့ အခြေအမြစ်ရှိရှိ စွပ်စွဲပါလား။

ချူဟိန်မျက်နှာက မည်းနက်သွားကာ သားဖြစ်သူကို ဒီထက်ပိုပြီး လွန်လွန်ကျူးကျူး မပြောရန် အချက်ပေးလိုက်သည်။ ချူချိန်ကတော့ ဒေါသတကြီးနှင့် လှည့်ထွက်သွားသည်။

တုန်းဟိုင်တွင် နှစ်ပေါင်းများစွာ အခြေချလာသည်မို့ ချူဟိန်တို့ထံတွင် ဘာဩဇာအာဏာမှမရှိပါဟု ကျိန်ပြောလာလျှင်တောင် ဘယ်သူကမှ ယုံကြည်မည်မဟုတ်။ သို့သော် ချူမျိုးနွယ်သားအဖနှစ်ယောက်စလုံးမှာ သွမ့်ပိုင်ယွဲ့နှင့် တိုက်ခိုက်ရန်အတွက် မိမိတို့၏စစ်တပ်အင်အားကို မုယန်သို့ မလွှတ်လိုက်ချင်ပေ။

ထိုပုဂ္ဂိုလ် ထီးနန်းသိမ်းပိုက်လိုက်ပြီးကတည်းက တာ့ချူ၏ စစ်တပ်အင်အားအကုန်လုံးကို သူ့လက်ထဲ ပြန်လည်သိမ်းပိုက်ထားလိုကြောင်း သိသာထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီးသား။ မိမိတို့၏ ဩဇာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်တပ်အင်အားကို ​ချွေတာရမည့် ယခုလိုအချိန်မျိုးမှာ အဘယ်အကြောင်းကြောင့်များ ညီလာခံသဘင်ထဲက ထိုပုဂ္ဂိုလ်အတွက် မိမိတို့ဘက်က လူအင်အားကို ဖြုန်းတီးပစ်ရပါမည်နည်း။

အကယ်၍များ မိမိတို့တပ်ဖွဲ့က ရှီးနန်တပ်နှင့် နှစ်တစ်ဝက်တန်သည် တစ်နှစ်တန်သည် တိုက်ခိုက်ရသည်ပဲထား၊ နှစ်ဦးနှစ်ဖက် အင်အားယုတ်လျော့လာသောအချိန်မှာမှ တာ့ချူတပ်မတော်ကြီး ရောက်ချလာပြီး နှစ်ဖက်စလုံးကို တစ်ခါတည်းနှင့် အသာလေး အနိုင်ယူပြလိုက်လျှင်ကော.....

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now