အခန်း- ၁၁ (ဆုံတွေ့ခြင်း)

18.1K 3K 419
                                    

[မတွေ့ရတာမှ ပိုကောင်းဦးမယ်]

ဒီကိစ္စလောက်နဲ့ တိုက်ခိုက်ကြစရာလား။

သွမ့်ယောင်က ကြားမှ စိတ်ရှည်ရှည်နှင့် ပြောဆိုညှိနှိုင်းကြည့်၏။

"ဒီက အဒေါ်ကြီး.....အဲ့ဒီသိုင်းကျင့်စဥ်ကို ကျံန်တော် မကျင့်ဖူးရိုးအမှန်ပါ"

အရင်တုန်းက သူလည်း အရမ်း သင်ယူချင်ခဲ့ပါသည်လေ။ သိုင်းလောက၏ ထိပ်တန်း မှော်နက်ကျင့်စဥ်ဟု ဆိုပေသကိုး။ သို့သော် ရှစ်ဖူးက သူ့ကိုမှ မသင်ပေးခဲ့လေတော့ သူလည်းလက်လျှော့ခဲ့လိုက်ရခြင်းဖြစ်သည်။

မိန်းမပျိုက အေးစက်စွာရယ်လိုက်ကာ

"အဲ့နေ့က နန်မော်ယဲ့ကိုယ်တိုင် မင်းကို ဒီကျင့်စဥ်သင်ပေးခဲ့တယ်လို့ ငါ့ကို ပြောခံတာလေ။ သူ ငါ့ကို လိမ်ခဲ့တယ်လို့ မင်းပြောချင်နေတာလား "

"တကယ်ပြောနေတာပါဆို။ ရှစ်ဖူး မလိမ့်တပတ်မပြောတဲ့နေ့ကမှ တကယ် ထူးဆန်းမှာ။  ယုံစရာရှားလို့ ရှစ်ဖူးစကားကိုမှ ခင်ဗျားသွားယုံတာကိုး "

"တိတ်စမ်း ၊ မဟုတ်တမ်းတရားတွေ လာမပြောနဲ့ ။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့တော့ မင်းကို ထျဲန်းချာ့ဂိုဏ်းဆီ အပါခေါ်သွားမယ်"

"နောင်တော် ၊ အဲ့ဒါ ဘာဂိုဏ်းလဲဟင်"

သွမ့်ယောင်က တကယ် မကြားဖူးသဖြင့် နောင်တော်ဖြစ်သူအား တိုးတိုးလေး မေးလာ၏။

"သူ့နာမည်က လန်ကျီးတဲ့ ၊ ကျွီ​ေ၀့ဂိုဏ်းက လန်ကျွီမေ့ရဲ့ ဆရာတူညီအစ်မတွေ"

သွမ့်ယောင် နားမလည်သေးပေ။ ကျွီ​ေ၀့ဂိုဏ်းဆိုသည်မှာ ရှီးနန်နယ်တွင်ရှိသော၊ အဆိပ်ကို အဓိကသုံးသော ဂိုဏ်းတစ်ခုမှန်းတော့သိသည် ။ မိမိတို့ စံအိမ်တော်နှင့် ကျွီ​ေ၀့ဂိုဏ်း ဆက်ဆံရေးမှာလည်း အကောင်းကြီး မဟုတ်လျှင်တောင် အဆိုးထဲက မဟုတ်ချေ။ မိမိသည်ပင် ကူအဆိပ်ကို ၎င်းတို့ထံမှ အကြိမ်ပေါင်းများစွာ ၀ယ်ယူဖူးသေး၏။
လန်ကျွီမေ့နှင့် ဆက်ဆံရေးလည်း ဆိုးလှသည်တော့မဟုတ်။ သူမထံတွင် ဆရာတူအစ်မ သို့မဟုတ် ဆရာတူညီမ ရှိသည်ဟု သူမသိ ။ ရှိလည်း သူနှင့် မည်သို့မျှ ပတ်သက်စရာ ရှိမနေခဲ့ပေ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now