အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)

14.2K 2.5K 715
                                    

[ဆိုက်ဖန်းအန်းကြီး ဖျားနာနေသတဲ့]

Unicode version :

ဧကရာဇ်၏အိပ်ခန်းအဆောင်တော်မှာ အတော်ပင်ကျယ်၀န်းသော်လည်း အခန်းထဲတွင် အဆောင်အယောင်ပရိဘောဂ များများစားစားမရှိပေ။ အမြင်အာရုံကို ဆွဲဆောင်နိုင်လွန်းသည့် တစ်ခုတည်းသော ပစ္စည်းမှာ ရွှေဖြင့်ပြီးသော ကျောက်စိမ်းစီခြယ် သလွန်တော်မျှသာ။အမှန်တကယ်က ၎င်းမှာ အရင်မင်းဆက်များလက်ထက်က ဆောက်ထားသော ကျောက်မျက်ရတနာအပါးတစ်ရာသလွန်တော်ပင်ဖြစ်ကာ နောက်ပိုင်းချူမင်းဆက်များကတော့ ရိုးရှင်းလွယ်ကူသော ခြိုးခြံ​ချွေတာသော မူများကို ကျင့်သုံးလာသဖြင့် ထိုသလွန်တော်မှာ တစ်ခုတည်းသော အဖိုးအနဂ္ဃတန်သည့် ဇိမ်ခံပစ္စည်းအဖြစ် ဆက်လက်ထိန်းသိမ်းထားနေရုံမျှသာ။

ချူယွမ်၏ ကျင့်ကြံမှုအဆင့်မှာ မနိမ့်ပါးသဖြင့် မိမိအခန်းထဲ လူတစ်ယောက် ကျူးကျော်၀င်ရောက်လာမှန်း သိလိုက်သဖြင့် ဘယ်ဘက်လက်က ခေါင်းအုံးတော်အောက်ရှိ ဓားမြှောင်အတိုလေးကို အဆင်သင့်ကိုင်ယူထားလိုက်စဥ် ရှစ်ဇီ၏ အသံကိုပါ ဆက်ကြားသွား၏။

"ရှီးနန်၀မ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မျိူးဘက်က  တစ်ခွန်းလောက် အရင်ကြိုပြီးသံတော်ဦးလျှောက်တင်ပါရစေဦးခင်ဗျာ"

ဒီအချိန်ကြီး ရောက်လာတယ်လား။

ချူယွမ်လည်း မျက်နှာလေးတရှုံ့ရှုံ့နှင့် ထရန်ပြင်လေ၏။ ပထမဆုံးတွေးမိသောအချက်မှာ ယနေ့တော့ မိမိ အချိန်လွန်အောင် အိပ်နေခြင်းကိုပင်။ အပေါ်၀တ်ရုံကိုခြုံပြီး ကုတင်ပေါ်မှ မဆင်းရသေးမီ ကျူးကျော်သူကြီးက ရောက်ချလာလေပြီ။

နောက်မှလိုက်လာသော ရှစ်ဇီကုန်းကုန်းမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။

ချူယွမ်က လက်အသာ​ေ၀ှ့ယမ်းပြလိုက်ကာ -

"ရှစ်ဇီ အရင် ထွက်သွားလိုက်ပါ။ ပြီးတော့ သမားတော်ကျန်းကိုလည်း နည်းနည်းနောက်ကျပြီးမှ အခစား၀င်ခိုင်းဖို့ စီစဥ်လိုက်"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ရှစ်ဇီလည်း ထွက်သွားခါနီး၌ သွမ့်ပိုင်ယွဲ့အား ခပ်တိုးတိုး သတိပေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now