[လန်ယီကျန့်ဆိုတဲ့လူ တကယ်သေသွားလောက်ပြီကွ]
မွန်းလွဲချိန်ရောက်ခါမှ သွမ့်ပိုင်ယွဲ့တစ်ယောက် နန်းတော်မှထွက်လာကာ တည်းခိုဆောင်သို့ ပြန်ရောက်လာ၏။
ထူပူကျဲ့မှာ တည်းခိုဆောင်တံခါး၀၌ ထိုင်နေကာ မက်မွန်သီးတစ်လုံးကို ကိုက်စားနေရာ သွမ့်ပိုင်ယွဲ့ကိုမြင်သည်နှင့် ချက်ချင်းပင် အရိပ်အကဲပြလာသည်။
ဆရာကြီးနန် စိတ်အခြေအနေသိပ်မဟန်ဘူး။ အထဲမှာ ဆရာတပည့်နှစ်ယောက် ရန်ဖြစ်လို့ကောင်းတုန်း။
သွမ့်ပိုင်ယွဲ့ အံ့သြသွား၏။
"ဘယ်ချိန်ကတည်းက ပြန်ရောက်နေတာလဲ"
"မနေ့ညကမှ"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်လိုက်ကာ ထပ်မေးလာ၏။
"ဒါဆို လူကြီးမင်းလည်း အခန်းထဲ သွားနားနေလေ။ ဘာလို့ အပြင်မှာ လာထိုင်နေတာတုန်း"
ထူပူကျဲ့က အခန်းထဲသို့ လက်ညှိုးထိုးလိုက်ကာ မေးငေါ့ပြီးဖြေသည်။
"အထဲမှာ ရန်ဖြစ်နေကြတုန်း"
ရန်ဖြစ်တာက ....ဖြစ်ကိုဖြစ်သင့်တာ ။ မဖြစ်ဘူးဆိုတာကမှ ထူးဆန်းမှာ။
သွမ့်ပိုင်ယွဲ့အတွက်တော့ ဘာမှ အထူးတလည် အံ့သြစရာဖြစ်မနေ။
တံခါးဖွင့်ပြီး၀င်သွားတော့ နန်မော်ယဲ့တစ်ယောက် စားပွဲဘေးနားထိုင်ကာ လင်းတမှိုင်မှိုင်နေ၏။ အခန်းထဲ လူ၀င်လာသည့်အသံကြားသော်လည်း တစ်စက်မှ လှည့်မကြည့်အားတော့။
သွမ့်ယောင်ကတော့ ရှိမနေတော့ပေ။ ဘေးခန်းသို့ပြန်ပြီး အခန်းအောင်းပြီး အိပ်နေပြီလား ၊ သို့မဟုတ် စိတ်တိုလွန်း၍ လမ်းပေါ် သွားပြီး လျှောက်လည်နေပြီလား သေချာမပြောတတ်။
"ဟင်း......"
နန်မော်ယဲ့တစ်ယောက် သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လာလေ၏။
"ဘာကို ဟင်းလဲ။ ဘယ်လောက်ဟင်းဟင်းဘာမှ ထူးလာမှာမဟုတ်ဘူး "
သွမ့်ပိုင်ယွဲ့က မိမိအတွက် မိမိဘာသာ လက်ဖက်ရည်ငှဲ့လိုက်ကာ ဆက်ပြောလာ၏။
DU LÄSER
ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]
RomantikDi Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan