အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)

9.7K 2K 255
                                    

   [ရှီးနန်စံအိမ်တော်မှ စာလွှာ]
==============================

တာ့လီမြို့ စျေးထဲတွင် စျေးသည်ဦးကြီးများက နောက်ဆုံးပေါ်ထွက်ရှိထားသော ဗောဓိစိတ္တသိုင်းကျင့်စဥ်ကျမ်းစာအုပ်ကို အားရပါးရ အော်ဟစ်ရောင်းချနေ၏။ ယခုနောက်ဆုံးပေါ်ကျင့်စဥ်ကတော့ ယန်ဓာတ်ကို အားဖြည့်ပေးရုံတင်မက ရင်သွေးမျိုးဆက်ပါ အလွယ်တကူရနိုင်ပေသည်၊ ထို့အပြင် ယောကျ်ားမိန်းမမရွေး ကျင့်ကြံလို့ရသည်မို့ အရင်ကထက် ရောင်းအားနှစ်ဆ တိုးမြင့်လာသည်။

ရှေ့ကဦးကြီး အတင်းလာရောင်းနေသည်ကို သည်းမခံနိုင်သည့်အဆုံး သွမ့်ယောင်လည်း တစ်အုပ်ဆွဲကာ အမြန်လှန်လောဖတ်ကြည့်လိုက်သည်။ ကြေးရတတ်လူတန်းစားမှ သခင်လေးတစ်ယောက်ဖြစ်ဟန်ရသောကြောင့် အခြားကုန်သည်ဦးကြီးများလည်း သွမ့်ယောင်အနား ဝိုင်းဝိုင်းလည်လာကြသည်။ဆံပင်စီးသော ဖဲကြိုးရော၊  ဓားမြှောင်အတိုများရော ၊ ကောင်းကင်ဘုံမှ အက္ခရာမဲ့ကျမ်းစာများဆိုသည်ကိုရော လာရောက်ရောင်းချကြသည်။ ဘယ်ကလာမှန်းမသိရသော ခပ်ဝဝဦးဇင်းတစ်ပါးပါ ပါလာသေး၏။ မေတ္တာကရုဏာပြည့်ဝလှသာမျက်နှာထားနှင့် ကံကြမ္မာကိုဟောပြောပေးပါ့မည်ဟုဆိုလာသည်။

သွမ့်ယောင်ခမျာ မိမိခေါင်းတစ်ခုလုံး ချက်ချင်းပင်ပေါက်ထွက်တော့မလို ခံစားနေရ၏။

"သခင်လေး၊ ဗေဒင်ကြည့်လိုပါသလား"

"မကြည့်တော့ပါဘူး"

"အခမဲ့ပါ၊ အိမ်သူအိမ်သားတွေအတွက်လည်း ကြည့်ပေးလို့ရပါတယ်"

ဖက်တီးဦးဇင်းလေးက ဇွဲမလျှော့သေး။

"ဒါဆိုလည်း ကျွန်တော့်အစ်ကိုကြီးရဲ့ အချစ်ရေးကံကြမ္မာအကြောင်း ဟောပြဗျာ"

ဖက်တီးဦးဇင်းက လက်ချောင်းလေးများ ချိုးကာခေါက်ကာ တွက်ဆချင့်ချိန်နေသည်။

"သခင်လေးရဲ့အစ်ကို ကံကြမ္မာကောင်းချင်ရင် ဦးဇင်းဆီကနေ ဆေးဝယ်ဖို့လိုမယ်"

"ဘာဆေးလဲ"

"ယန်ဓာတ်အားတိုးဆေး"

သွမ့်ယောင်လည်း ထိုဦးဇင်း၏ ရင်ဘတ်တည့်တည့်ကို အားဖြင့် ပင့်တွန်းပစ်လိုက်ရာ ထိုဦးဇင်းမှာ ချက်ချင်းပင် လွင့်စင်သွားသောဟူ၏။ထိုဦးဇင်းမှာ မျက်ရည်စမ်းစမ်းနှင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွမ့်ယောင်အား ပြောလာသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now