အခန်း- ၁၇ - အဆက်

15.1K 2.7K 331
                                    

Unicode version :

ကျိုးစံအိမ်တော်တွင် သွမ့်ပိုင်ယွဲ့လည်း အာရုံစူးစိုက်ပြီး ဝါယောကသိုဏ်းရှုနေလေရာ နောက်ဆုံးတော့ ကူအဆိပ်ပိုးကောင်အားလုံးမှာ တစ်ဖန်ပြန်လည်ငြိမ်သက်သွားစေနိုင်တော့သည်။ သုံးရက်မျှသာကြာသည်ဟုဆိုသော်လည်း နာကျင်မှု​ဝေဒနာမှာမသေးလှ၊ မျက်နှာမှာ သွေးမရှိတော့သည့်အတိုင်း ဖြူဆုတ်နေလျက်။

ရှစ်ဇီက ချိုမြမြအရသာရှိသည့်ဟင်းရည်ပူပူတစ်ပွဲ လာရောက်ဆက်သပေး၏။ အထူးတလည် ချက်ပြုတ်ပေးထားခြင်းဖြစ်ကြောင်း၊ အကျိုးအာနိသင်များပြားကြောင်းလည်း ပြောပြလာ၏။ သွမ့်ပိုင်ယွဲ့ ဘာမှမေးမြန်းမနေတော့ဘဲ ခဏအတွင်း အကုန်အစင် မော့သောက်ပစ်လိုက်သည်။

"ဒီဟင်းရည်ကို ချက်ပြုတ်ပေးနေတဲ့အချိန်တစ်လျှောက်လုံး အရှင်မင်းမြတ်ကိုယ်တိုင် တောက်လျှောက် အနားကနေ ရှုစားနေတော်မူတာပါ ....၀မ်ရယ်"

ဒီထက်နှေးအောင် တစိမ့်စိမ့်သောက်လိုက်ရမှာ ဟူသောအတွေးက သွမ့်ပိုင်ယွဲ့ခေါင်းထဲ ချက်ချင်းဝင်လာ၏။

ထိုစဉ် ချူယွမ် အခန်းတွင်းရောက်ချလာသဖြင့် ရှစ်ဇီလည်း သွက်လက်စွာပင် ပန်းကန်အလွတ်ကို သိမ်းပြီး ခပ်သုတ်သုတ်ထွက်သွားတော့သည်။ချူယွမ်က ကုတင်ဘေးနား လာရပ်ပြီး တည်ငြိမ်စွာဆို၏။

"ကိုယ်တော်မြတ်.....မြို့တော် ပြန်တော့မယ်"

"ဘယ်တော့လဲ"

"မနက်ဖြန်"

သွမ့်ပိုင်ယွဲ့ ဘာမှများများစားစား မပြောနိုင်တော့ဘဲ ပြုံးရင်းနှင့် မှာတမ်းခြွေလာ၏။

"အပြန်ခရီးလမ်းက ရှည်လျားလွန်းတယ်။ ဘာကိစ္စကိုမဆို သေချာဂရုစိုက်ရမယ် ဟုတ်ပြီလား...."

"အင်း"

"ပြီးတော့......"

သွမ့်ပိုင်ယွဲ့က သေချာချင့်ချိန်ပြီး ထပ်မှာ၏။

"ရှစ်ဖူး ဘာပြောပြော မင်းမယုံနဲ့...."

"ထျဲန်းချန်ရှားကိစ္စရောလား"

"ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ဆေးကို ဘာလို့အတည်မှတ်ပြီး လိုက်ရှာရမှာလဲ....ဒီလိုလက်ခံလိုက်စမ်းပါ၊ ဒါမှ မင်းစိတ်သက်သာရာရမှာ "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now