[အမတ်မင်း၀မ်းက ဆူကျုံးဒေသကို ပြန်သွားပြီးပါပြီ]
မနက်ခင်းညီလာခံသဘင်ပြီးဆုံးသွားတော့အိုကြီးအိုမမှူးကြီးမတ်ရာများက တက်ညီလက်ညီ ဒူးထောက်လာကြသည်။
ချူယွမ်လည်း မိမိရှေ့ရှိ အစီရင်ခံစာ အပုံလိုက်ကြီးကို လှန်လှောပြီး ဖတ်ကြည့်နေစရာပင်မလို ၊ မည်သည့်အကြောင်းအရာဖြစ်မည်မှန်း သိနေသဖြင့် ခေါင်းတဆစ်ဆစ်ပင် ကိုက်ခဲလာ၏။
"အရှင်မင်းမြတ်၊ ဒီတစ်ကြိမ်တော့ ထပ်ပြီး
မရွှေ့ဆိုင်းသင့်တော့ကြောင်းပါဘုရား"အမတ်မင်းလျိုက ၀မ်းပန်းတသာ လျှောက်တင်လာ၏။
"ဘယ်ကိစ္စကိုပြောတာလဲ"
ချူယွမ်လည်း မသိချင်ယောင်ဆောင်နေမြဲ။
"ဧကရီမိဖုရားတစ်ပါးလောက် တင်မြှောက်ဖို့ပါဘုရား "
"ရှီးပေအရေးကိစ္စ ငြိမ်းချမ်းသွားမှ ဒီကိစ္စ စဥ်းစားကြရအောင်လို့ အရင်တုန်းကလည်း ကိုယ်တော် မိန့်ဖူးပြီးသားပဲ မဟုတ်လား"
"အရှင်မင်းမြတ်..... ရှီးပေအရေးအခင်းက ဖြစ်ပွားနေခဲ့တာ ကြာညောင်းလှပါပြီ။ အရင်ဧကရာဇ်လက်ထက်တုန်းက စစ်သူကြီးရှစ်ဟူယယ်ကို ဆယ်ကြိမ်တိုင်တိုင် သွားရောက်နှိမ်နင်းစေခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်တိတိ အချိန်ယူပြီးမှ ဖိနှိပ်ထားနိုင်ခဲ့ပါတယ်။
ဒါတောင် အပြတ်ရှင်းလင်းနိုင်ခဲ့တာမဟုတ်တာမို့ ဧကရီမိဖုရားရွေးချယ်တင်မြှောက်ရမယ့်အစီအစဥ်ကို ရှီးပေအရေးပြီးတဲ့အထိ နောက်ဆုတ် ရွှေ့ဆိုင်းခြင်းဟာ လုံး၀မသင့်လျော်ကြောင်းပါဘုရား......"ချူယွမ်က မျက်ခုံးနှစ်ခုကြား အသာနှိပ်နယ်နေရင်း မိန့်တော်မူလာ၏။
"၀မ်းလျိုနျဲန်......"
မှူးမတ်များမှာ အချင်းချင်း နားမလည်နိုင်စွာ အကြည့်ချင်းဆုံမိကြသည်။
စောန ဧကရာဇ်အရှင် ဘယ်လိုမိန့်လိုက်တာပါလိမ့်။
အမတ်မင်းလျိုလည်း ကြောင်တောင်တောင်ဖြစ်နေလေသည်။ ၀မ်းလျိုနျဲန်ဆိုတာ မည်သူ့ကိုခေါ်လိုက်သနည်း။
YOU ARE READING
ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]
RomanceDi Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan