အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)

15.5K 2.8K 439
                                    

[ ကျွန်တော်တို့ ရေနွေးသွားတည်ကြရအောင်လေဗျာ]

Unicode version:

နန်မော်ယဲ့က မျက်မှောင်ကြုတ်သွားပြီး သွမ့်ပိုင်ယွဲ့သွေးခုန်နှုန်းကို စမ်းသပ်ကြည့်၏။ သွမ့်ပိုင်ယွဲ့မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့်အပြင် ခံတွင်းမှလည်း ချိုအီအီနှင့် တစ်ခုခုပုပ်ဆွေးနေသော အနံ့တစ်မျိုး ထွက်လာ၏။

နန်မော်ယဲ့က တပည့်ဖြစ်သူ၏ကျောပြင်အား တစ်ချက်မျှပုတ်လိုက်ပြီး အတွင်းအားတစ်ချို့ လွှဲပြောင်းပေးပို့ပေးထားသည်။ သွမ့်ပိုင်ယွဲ့လည်း မိမိထွက်သက်၀င်သက်ကို ပြန်လည်တည့်မတ်မှန်ကန်အောင် အားထုတ်လိုက်ပြီး အုံကြွသောင်းကျန်းချင်နေသော အတွင်းအားတို့ တစ်ဖန်ပြန်လည်ငြိမ်သက်သွားစေသည်။ထို့နောက် မျက်၀န်းများ တဖြည်းဖြည်း ပြန်လည်ဖွင့်ဟလာ၏။

"မင်း ဘယ်ချိန်ထိ ဒီလို ပြဿနာရှာဦးမှာလဲ"

နန်မော်ယဲ့မှာ ဤကိစ္စနှင့်ပတ်သက်၍ အတော်လေး ခေါင်းကိုက်နေပေပြီ။
သွမ့်ပိုင်ယွဲ့က နှုတ်ခမ်းထောင့်စွန်းက သွေးစက်များကို သုတ်လိုက်ပြီး မေးလာ၏။

" ရှောင်ယွီရော ....နေကောင်းလား"

(သွမ့်ယွီကို သွမ့်ပိုင်ယွဲ့က နောင်တော်အနေနဲ့ အဖျားဆွတ် ခေါ်ထားခြင်းဖြစ်ပါတယ်)

စကားလမ်းကြောင်းလွှဲနေမှန်း သိသာလွန်းပေသည်။ နန်မော်ယဲ့လည်း ဘာမှထပ်မပြောချင်တော့။

"မင်ရွှီ့ရွာမှာပဲ ရှိနေတုန်း။ မင်းက သူ့ကို ရှီးနန်အထိ အရခေါ်မှာပဲလား"

"သွမ့်စံအိမ်က သူ့အိမ်ပဲလေ"

"ဒီလိုနဲ့ပဲ သူ့ကို ချင်ရှောက်ယွီဆီကနေ အတင်းသွားလုတာမျိုးထိ လုပ်ဖို့လိုလို့လား"

နန်မော်ယဲ့က ဆက်ပြော၏။

"အဓိကအချက်က ရှောင်ယွီနဲ့ယောင်အာနဲ့
အကျင့်စရိုက်မတူဘူး။ ရှောင်ယွီနှလုံးသားက သိုင်းလောကထဲမှာပဲ ပျော်မွေ့တယ်။ သူက ဟိုးအစကတည်းက ယောင်အာလို မင်းအနားမှာနေပြီး အတူတူကြီးပြင်းလာတာမဟုတ်ဘူး။ သူ့ကို အတင်းပြန်ခေါ်လိုက်ရင်လည်း ဘာမှအကျိုးမထူးဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now