အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)

8.5K 1.5K 179
                                    

[နန်ယန်ကို သွားဖူးတဲ့လူရှိတယ်]

"ဒါဆို ဘာရေးရမှာလဲ၊ ဖြစ်ရပ်မှန်က ဒီအတိုင်းပဲလေ။ ဧကရာဇ်အပေါ် ကလိမ်ကကျစ်ဉာဏ်ဆင်ပြီး မဟုတ်မမှန်လျှောက်တင်ရမှာလား"

ဖုန်ချန်က တစ်ကိုယ်လုံးတုန်ယင်သွားသည့်အထိ အံ့ဩတုန်လှုပ်သွား၏။

"အဲ့လိုမဟုတ်ဘူးလေဗျာ။ ကျွန်တော့်ရဲ့အမြင်အရ ဒီစာလွှာထဲကအကြောင်းအရာကို အသစ်ပြန်ပြင်ရေးလို့ရသေးတယ်၊ အဖြစ်အပျက်တွေကို ဖော့ပြီးရေးလို့ရသေးတယ်လို့ ပြောချင်တာပါ"

ကျိုယွင်ဟယ့်က လက်ကိုဝှေ့ယမ်းပြလိုက်ကာ -

"အင်းအင်းအင်း၊ ခင်ဗျားပဲရေးလိုက်တော့။ ဘယ်လိုပဲဖော့ရေးရေး ခင်ဗျားသဘောပဲ၊ အမည်းရောင်ကို အဖြူဖြစ်အောင်သာ မရေးလိုက်နဲ့"

ဖုန်ချန်လည်း ထိုစကားကိုလက်ခံလိုက်ကာ နေရာတကျပြန်ထိုင်လိုက်ပြီး နောက်တစ်ကြိမ် မင်ထပ်သွေးလိုက်သည်။ ကျိုယွင်ဟယ့်ကတော့ သူ၏ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ကာ - ဒီလူက အရေးကိစ္စကြုံလာရင်တော့ အကျိုးရှိသားပဲ၊ ကောင်းကွက်တစ်ခုမှမရှိတာတော့ မဟုတ်ဘူးပဲ - ဟု တွေးမိနေလေ၏။

*****

မနက်မိုးလင်းသည်နှင့် အစီရင်ခံစာကို မြင်လိုသည်ဟု ချူယွမ်မိန့်ကြားသွားသဖြင့် ဖုန်ချန်လည်း အလုပ်ကို ခပ်သွက်သွက်လုပ်နေကာ နောက်ဆုံးတော့ မွန်းတည့်ချိန်အရောက်တွင် ချူယွမ်ဆီ သွားရောက်ဆက်သနိုင်ခဲ့သည်။

ချူယွမ်က အပေါ်ယံမျှသာရှပ်ပြီးဖတ်လိုက်ရင်း မေးလာ၏။

"ဒါ ဘယ်သူရေးထားတာလဲ"

ဖုန်ချန်က ရိုးသားစွာပင်ဖြေသည်။

"စစ်သူကြီးကျိုက စကားနဲ့ပြောပြပေးပြီး ကျွန်တော်မျိုးက စာကိုသေသပ်သွားအောင် စီပြီးရေးပေးထားတာပါဘုရား"

"သေသပ်အောင် စာစီပေးရုံလောက်တော့ မဟုတ်ဘူးထင်တယ်နော့"

ချူယွမ်က ပြုံးလိုက်ကာဆက်ဆို၏။

"ဖြူရော်ရှက်သည်းဆိုတဲ့ ဒီစကားလေးလုံးကို ကျိုယွင်ဟယ့်လာဖတ်ရင်တောင် နားလည်မှာမဟုတ်ဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now