အပိုင်း(၁) သူကအရမ်းအားသန်ခဲ့တာ။

8.2K 248 8
                                    

unicode-

ငါ မင်းကို ဘယ်လောက်ချစ်သလဲ ဆိုတာကို မင်းမေးခဲ့တယ်နော်။ ငါ မင်းအပေါ် ချစ်တဲ့အချစ်က စက္ကန့်နဲ့အမျှပါဘဲ။ အချိန်ဆိုတာ ဘယ်တော့မှ ပျောက်ကွယ်မသွားသလို ငါ့ရဲ့နှလုံးသားကလည်း အချိန်နဲ့အမျှရှေ့ဆက်နေမှာဘဲ။
__ဟွာယိုရှန်

ပေကျင်း။ ကိုင်ရီးအာဟိုတယ်- အခန်းနံပါတ် ၁၁၀၉

အခန်းတွင်း အလင်းရောင် ဝါဖျော့ဖျော့။ အမွှေးနံ့တစ်မျိုးမျိုးက လေထုထဲတွင် ရစ်သိုင်းနေခဲ့သည်။

ရှုရှီယန်၏ လည်ချောင်းတစ်လျှောက် ပူနွေးခါးသက်သော အရည်များစီးဝင်သွားလေသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် အမှိုက်တစ်စလို ပစ်ဖယ်ခံထားရသည်။ သူမ၏ဝေဝါးနေသော မြင်ကွင်းတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ နက်နက်နဲနဲနမ်းရှိုက်နေပြီး၊ ခရီးဆက်နေသည့် ပုံရိပ်များကို မပီမသမြင်တွေ့နေခဲ့ရသည်။

ထိုမြင်ကွင်းကိုစိုက်ကြည့်နေသော သူမ လက်သည်းများဖြင့် အသားထဲသို့ ထိုးစိတ်ပြီး၊ စူးနစ်သောနာကျင်မှုဖြင့် သတိမလွတ်အောင်ထိန်းနေခဲ့ရသည်။

သူမရှေ့မှာရှိနေတဲ့ လူနှစ်ယောက်က သူ့ရဲ့ချစ်ရသူ ချူယုဟီနဲ့ သူမရဲ့အစ်မ ရှုရှင်းရို လား။

ရှုရှီယန်၊ သူမ၏ ရင်ထဲကို ရုတ်တရက် မြှားအစင်းတစ်ရာ စိုက်လိုက်သလိုပင် နာကျင်အံဩရ‌ပေသည်။ သူမ၏ ရင်ဘတ်သည် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပေါက်ကွဲလေမလားပင် ထင်ရသည်။

ဘယ်လိုများ သူတို့၂ယောက်က ဒီလိုဖြစ်သွားရတာလဲ။
သူမကို သူ့ရဲ့ဘဝတစ်လျှောက် ချစ်မြတ်နိုးပါ့မယ်ဆိုတဲ့အကြောင်း တဖွဖွပြောတဲ့သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာက တကယ့်ကို မယုံနိုင်စရာပင်။

"တော်ပြီနော် အသဲလေး။ ငါတို့သွားရအောင်။ မစ္စတာလီ ခနနေရောက်လာတော့မှာ။"

အချိန်များစွာ နမ်းရှိုက်ပြီးတဲ့နောက် ချုယုဟီသည် ရှုရှင်းရိုနှင့် ခွာကာ ချိုသာစွာပြောလိုက်‌လေသည်။
ရှုရှင်းရိုသည် ချုယုဟီ၏ပုခုံးပေါ်သို့ လက်တင်ကာ ကြမ်းပြင်ပေါ်တွင် လဲနေသော လူဆီသို့ တစ်ချက်ကြည့်လိုက်ကာ အထင်သေးအသံဖြင့်

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now