အပိုင်း (၆၀) ပထမဆုံးအတွေ့မှာပင် ချစ်ကျွမ်းဝင်သွားတာ။

939 67 0
                                    

ရီရှောင်အနားအား အရမ်းကပ်နေကြောင်း ဟွာဆန်ယန်သိလိုက်၍ အလျင်အမြန်ပင် သူမ၏လက်အား ရုပ်သိမ်းလိုက်သည်။ နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ဟွာဆန်ယန် ဖယ်ပြီးသည့်နောက်တွင် ရီရှောင် စိတ်သက်သာရာရသွား၍ သက်ပြင်းချလိုက်လေသည်။ သခင်လေးနှင့် ရှုရှီယန်ကြားမှ ဆက်ဆံရေးအား မည်မျှကြာအောင်ပင် ထိုသူတို့နှစ်ယောက် လျှို့ဝှက်မည့်အကြောင်း စတင်စိုးရိမ်လာလေသည်။

......

အပြင်လောကတွင် ဖြစ်ပေါ်နေသော ကောလဟာလသတင်းအား ရှုရှီယန် ဂရုမစိုက်ပေ။ လွန်ခဲ့သောနှစ်ရက်တွင် ယင်ဘာအို၏ဘေးတွင် သူမ ရှိနေခဲ့သည်။ ယင်ဘာအို၏ အန်ခြင်းသည် ရပ်သွားကာ အရင်ရက်များထက် ပို၍ကောင်းလာသည်။ ဆေးရုံ၌တစ်ရက်ထပ်နေပြီးလျှင် ဆင်းနိုင်ပြီဟု ဆရာဝန်ပြောလေသည်။

ကလေးမလေးသည် သူမ၏ အိပ်ချင်နေသော မျက်လုံးဝိုင်းများ တစ်ဖျပ်ဖျပ်ခတ်လျှက် အိပ်ယာပေါ်တွင် ထိုင်နေသည်။ ရှုရှီယန်သည် ဆန်ပြုတ် တစ်ဇွန်းပြီးတစ်ဇွန်း ကျွေးနေသောကြောင့် ငြိမ်သက်စွာ ထိုင်နေသည်။ ဆန်ပြုတ်တစ်ပန်းကန်ကုန်သွားပြီးနောက် ယင်ဘာအို သူမ၏နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်ကာ ခွက်အလွတ်အား ‌စိုက်ကြည့်နေသည်။

"ရှီဘေဘီ၊ ဆန်ပြုတ်ထပ်ကျန်သေးလား။"

သူမ၏ဗိုက်အား ပွတ်ကာ မေးလိုက်သည်။

ရှုရှီယန် စားပွဲပေါ်တွင် ပန်းကန်လုံးချလိုက်ကာ ယင်ဘာအို၏ပါးစပ်အား တဘက်ဖြင့် ကူသုတ်ပေးနေသည်။

"အခုမှ နလန်ထကာစမို့ အစာအိပ်က အားနည်းနေသေးတယ်လို့ ဆရာဝန်ကပြောတယ်လေ။ အခုထက်ပိုပြီး စားလို့မရတော့ဘူးနော်။ ဆေးရုံကဆင်းတာနဲ့ ထပ်စားလို့ရအောင် လုပ်ပေးမယ်။ ဟုတ်ပြီလား။"

"ဟုတ်။ ရှီဘေဘီနဲ့ ဆရာဝန်ပြောတဲ့ စကားတွေကို နားထောင်ပါ့မယ်။"

အနည်းငယ် စိတ်ညစ်စွာပင် ယင်ဘာအို ပြန်လည်ဖြေကြားလိုက်သည်။

"လိမ္မာလိုက်တဲ့ ကလေးလေး "

ရှုရှီယန် ယင်ဘာအို၏ခေါင်းအား ပွတ်ကာပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now