အပိုင်း (၂၃) အရမ်း ရက်စက်တယ်။

1.2K 115 0
                                    

ခက်ရင်းတစ်စုံ စားပွဲပေါ်ကျသွားသည်။ သူမအား သေနတ်တစ်လက်ဖြင့် ဖိထောက်ထားသကဲ့သို့ ကြောက်လန့်ကာ မူးနောက် နုန်းချိသွားသလိုပင်ခံစားရသည်။

သူမ နိုးသည့်အချိန် ဟွာယိုရှန်မေးသည့် ပထမဦးဆုံးစကားသည် သူ့အား မည်သူဖြစ်‌ကြောင်း မှတ်မိ၊မမှတ်မိကြောင်းပေ။ ထိုအချိန်တွင် ထိုမေးခွန်းအပေါ် သူမ ဇဝေဇဝါဖြစ်ခဲ့သော်လည်း ယခုမူ မည်သည်ကိုဆိုလိုချင်ကြောင်း သိပြီဖြစ်သည်။

'ချီးဘဲ။ ငါတော့ သွားပြီ။ ကိုယ်စိုက်ပျိုးသမျှ တစ်ချိန်ချိန် ကိုယ်တိုင်ဘဲရိတ်သိမ်းရမယ်ဆိုတဲ့ လူကြီးတွေပြောစကားက မှန်လိုက်တာ။'

"နောက်ဆုံးတော့ မင်း မှတ်မိပြီမို့လား။"

ဟွာယိုရှန်၊ သူ၏မျက်လုံးများ မှေးပျောက်သွားသည်အထိ ချောမောခန့်ညားသောမျက်နှာသည် တောက်ပစွာပင် ပြုံးပျော်နေသည်။

'အိုး.....။ မှတ်မိဖို့ကို အဲဒီ့ဟာက တကယ့် အံဩ‌လောက်စရာတစ်ခုဘဲလေ။'

"ယွမ်၅၀၀ ဆိုတာ အများကြီးဘဲ။ အချစ်ဝတ္ထုတွေထဲမှာဆို မိန်းကလေးတွေက ယောင်္ကျားလေးတွေကို ယွမ်၁၀၀ဘဲပေးနေကျ။ အဲကြောင့်မို့ ကျွန်မက စိတ်သဘောထားကောင်းကောင်းနဲ့ ရှင့်ကို ပိုပေးခဲ့တာ။ ဒါ့အပြင် ကျွန်မက ရှင့်ကို ဘာကိစ္စ တစ်ပတ်ရိုက်ရမှာလဲ။ ရှင်က ယောင်္ကျားလေး၊ ကျွန်မက မိန်းကလေးလေ။ ကျွန်မ တစ်ခါမှ ရှင့်အပေါ် အဲဒီ့ကိစ္စနဲ့ အတွန့်တက်ခဲ့တာလည်း မဟုတ်ဘူး။ ဒါတောင်မှ ကျွန်မရဲ့ ပထမဆုံးကို မင်းရခဲ့တာ‌နော်။ ဟေ့။ ရှင်ကမှ တကယ်ကံကောင်းတဲ့လူ၊ သိရဲ့လား။"

ရှုရှီယန်၊ သူမအား တစ်ပတ်ရိုက်သူဟု စွပ်စွဲသည့်စကားအား ဖြေရှင်းချက်ထုတ်၍ ရှင်းပြရာတွင် အလွန်စိတ်အားထက်သန်နေသည်။ အကယ်၍ ထိုလူသာ အရင်ကိစ္စအား အလေးအနက်ထားပါမူ သူ၏ဆုံးရှုံးနစ်နာမှု အတွက် လျော်ကြေးတောင်းပေလိမ့်မည်။ သူမတွင်လည်း ပေးစရာတစ်ပြားမျှပင်မရှိပေ။ ထိုအချိန်ကျလျှင် သူမ ဘာလုပ်ရမည်မှန်းလဲ မသိ‌‌ပေ။

သူမများ ဝတ္ထုတွေ အဖတ်လွန်သွားပြီလားမသိပေ။

ဟွာယိုရှန်၊ ရှုရှီယန်တစ်ယောက် အတွေးများကာ တစ်ယောက်တည်း အကျပ်ရိုက်နေသည်ကို တွေ့သည်။ ထို့ကြောင့်ပင် သူမအား ပို၍စချင်နေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now