ရှုရှီယန်၏ ကျွမ်းကျင်သော စားချင်စဖွယ်ရှိလှသည့် မနက်စာအား စားပွဲပေါ်တွင် ပြင်ဆင်ရာတွင် ဟွာယိုရှန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ အသားဆန်ပြုတ်၊ ဆန်းဝှစ်ခ်ျ၊ လက်ဆတ်သော အသီးအနှံတစ်ပန်းကန်၊ ရေနွေးထဲတွင် ထည့်ပြုတ်ထားသော ပုံစံမပျက်ရှိလှသည့် ကြည်ဥပြုတ်များ၊ အသီးသနပ် တစ်ပန်းကန် စသည့်တို့ကို ဖွယ်ဖွယ်ရာရာ ခင်းကျင်းထားလေသည်။
ပန်းကန်လုံးတစ်လုံးထဲသို့ ဆန်ပြုတ်တစ်ချို့ကို ရှုရှီယန် ခပ်ထည့်လိုက်ပြီး ဟွာယိုရှန်၏ရှေ့သို့ ချပေးလိုက်သည်။ ဆန်းဝှစ်ခ်ျတစ်ခုကိုလည်း ဟွာယိုရှန်ထံသို့ ကမ်းပေးလိုက်သည်။
"ဘယ်လိုနေလဲ ၊ မစ္စတာဟွာ။ ကျွန်မ မီးဖိုချောင်ဝတ်ပြီး မချက်ဖြစ်တာ တော်တော်ကြာပြီ။ လက်ရည်လည်း တော်တော်ကျနေလို့ ကျွန်မ အရသာကောင်းပါ့မလား စိုးရိမ်နေတာ။"
ရှုရှီယန် ရိုးရိုးသားသား ပြောလိုက်သည်။
ရှုရှီယန် နိုင်ငံခြားတွင်နေစဉ် သူမ အရမ်းအလုပ်များသောကြောင့် မီးဖိုချောင်ဝင်၍ ချက်ပြုတ်ရန် အချိန်မရှိကာ အလွယ်တကူနှင့် အမြန်ရသော အစားအစာများသာ ဝယ်စား၊ လုပ်စားဖြစ်သည်။ ဤသည်မှာ ယင်ဘာအို အဖေလိုချင်သော အကြောင်းပြချက်များထဲမှ တစ်ချက်ဖြစ်မှန်း သူမ သိသည်။ ချက်တတ်ပြုတတ်ပြီး သူမအား ဗိုက်အဆာမခံသော အဖေတစ်ယောက်ကို သူမ လိုချင်သည်။
ဟွာယိုရှန် ဆန်းဝှစ်ခ်ျအား တစ်ကိုက်ပြီးနောက် အသားဆတ်ပြုတ်အား မြည်းကြည့်လိုက်သည်။ အံ့ဩမှာကြောင့် သူ၏မျက်လုံးများပင် ပြူးကျယ်သွားသည်။
"အမ်း....။မဆိုးပါဘူး။ အရမ်းအရသာရှိတာဘဲ။ ကိုယ်လုပ်တဲ့ ဟာတွေထက်အောင် ပိုကောင်းသေးတယ်။"
ရှုရှီယန် ပြုံးလိုက်ကာ စိတ်သာသာရာရသွားသည်။
"မစ္စတာဟွာက အရမ်းရိုးပြီး သဘောကောင်းလွန်းတာပါ။ ကျွန်မရဲ့ အချက်အပြုတ်လက်ရာက မစ္စတာဟွာနဲ့ လုံးဝယှဉ်လို့မရပါဘူး။ မစ္စတာဟွာကသာ ကောင်းတာပါ။"
တကယ့်ကိုပင် ဟွာယိုရှန်၏ဟင်းချက်လက်ရာသည် တစ်ဇွန်းမျှစားလိုက်ရုံဖြင့် တစ်သက်လုံးဝမေ့မရသော အရသာမျိုးပင်။
YOU ARE READING
ပူကြူးလေးရဲ့စူပါဒယ်ဒီ
Romanceသူက ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်သော အနုပညာအသိုင်းအဝန်းမှ ဘုရင်တစ်ဆူ။ နှစ်ချို့လူပျိုကြီး လူလွတ်တစ်ယောက်။ သတင်း၊အတင်း တစ်ခါမျှပင်မထွက်ဖူးပေ။ သို့သော်တစ်နေ့တွင် သူ့ဘဝကို ပြောင်းပြန်လှန်ခဲ့လေသော မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်။ ကလေးဖြစ်သူမှာ ထိုသူ...