အပိုင်း (၁၂၅) မသန်မစွမ်းလူတစ်ယောက်ကို သူ ရှုံးမှာမဟုတ်ပါဘူး။

528 38 0
                                    

unicode

ဟွာယိုရှန် ထိုလူအား မသိသည့်ပုံစံဟန်ဆောင်ကာ ပြောလိုက်သည်။

"တကယ်လား။ သူနဲ့ သိပ်မတူပါဘူး။ မစ္စတာတန်က ဆံပင်ရှည်နဲ့ မုတ်ဆိတ်မွှေး ရှိပါတယ်‌။"

အင်း၊ ဟုတ်သားဘဲ၊ ထူးခြားတဲ့မစ္စတာတန်နာဒီက ဒီလောက်ကြီး မချောပါဘူး။

ထိုအချိန် အဖိုးအိုအားနှုတ်ဆက်မည့်နောက်ဆုံးသောမိန်းကလေး အရှေ့သို့ရောက်လာကာ လက်ဆောင်ပေးလျက် ဂုဏ်ပြုကောင်းချီးစကားပြောသည်။ ရှုရှီယန် ထိုမိန်းကလေးအား ချက်ချင်းပင် မှတ်မိသည်။ ရွှင်ရာတင်ပင်။ ရှုရှီယန် အနည်းငယ် အံဩသွားသည်။ ဟွာယိုရှန်၏ပုခုံးအားပုတ်ကာပြောလိုက်သည်။

"ဝိုး၊ နိုင်ငံရဲ့နံပါတ်တစ် စက်မှုလုပ်ငန်းရှင် ရွှင်ကျောင်းရွှန်တောင် ရှင့်ရဲ့ အဖိုးမွေးနေ့ပွဲကို လာတတ်တာဘဲ။ အခုတလော နာမည်ကြီးနေတဲ့ တယောပညာရှင် ရွှင်ရာတင်၊ သူရဲ့သမီးကိုတောင် ခေါ်လာတာဘဲ။"

"အင်း"

ဟွာယိုရှန် စိတ်ဝင်းစားမှုမရှိ၊ စိတ်မပါသည့်ပုံသည့် ပြန်ဖြေလိုက်သည်။ သူ ရွှင်ရာတင်၏အကြောင်းအားသိပေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကတွင် သူ၏မိဘများသည် ဟွာမိသားစုနှင့် ရွှင်မိသားစုကြား လက်ဆတ်ခြင်းတစ်ခုစီစဉ်ချင်ကြပေသည်။ ထိုလတ်ဆတ်ပွဲအတွက် ရာထားသည်မှာ ရွှင်ရာတင်ဖြစ်ကာ ဟွာယိုရှန်သည် သူမအား လက်ထပ်ရန် သဘောမတူခဲ့ပေ။သူမ၏အဖေဖြစ်သူ တောင်းဆိုသောကြောင့် မွေးနေ့ပွဲအတွက် ဖျော်ဖြေတစ်ခုတင်ဆက်ရန် ဟွာမိသားစုအိမ်တော်သို့ ရွှင်ရာတင်ရောက်လာသည်။ ပုံမှန်တွင် သူမသည် ဤသို့သော လူမှုရေးဆိုင်ရာပွဲများအား ဖျော်ဖြေရာတွင် စိတ်အနှောင့်အယှက်မရှိပေ။ ရွှင်ရာတင်သည် မာနကြီးကာ ကိုယ့်ကိုကိုယ်အထင်ကြီး၍ ချေးများသော မိန်းမတစ်ယောက်ဖြစ်သည်။ ပေကျင်းတစ်နေရာလုံးတွင် သူမအား ဆွဲဆောင်နိုင်သည့် ယောင်္ကျားမရှိသလောက်ပင်ဖြစ်သည်။ အမှန်ပင် လွန်ခဲ့သောနှစ်အနည်းကတွင် ဟွာမိသားစုနှင့် ရွှင်မိသားစုသည် အလားလာရှိသောလက်ထပ်ပွဲတစ်ခုအကြောင်း ဆွေးနွေးကြရာ သူမ၏လက်တွဲဖော်ဖြစ်လာမည့်သူသည် ဟွာယိုရှန်ပင်ဖြစ်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now