အပိုင်း (၆၉) သူမအတွက် မတ်တပ်ရပ်ဩဘာပေးရသည်ပင်။

663 49 0
                                    


လင်ဒါအား ဖြစ်ပျက်နေသည့်အကြောင်းများကို ဒါရိုက်တာမေးလိုက်သည့်အခါ ရှုရှင်းရိုအားငေးကြည့်နေလျက်ရှိသည့် လင်ဒါတစ်ယောက် မျက်တောင်ခတ်လိုက်မိသည်။ ထို့နောက် သူမပြောခဲ့သည်။

"မစ္စတာယန်။ အဲ့တာက ကျွန်မကို ရှုရှီယန်က ဒုတိယမင်းသမီးရဲ့မိတ်ကပ်လိမ်း‌ခိုင်းတာပါ။ ဒါရိုက်တာနဲ့ အရမ်းရင်းနှီးတယ်လို့ သူပြောပါတယ်။ ပြီးတော့ ဒါရိုက်တာကလည်း သူ့ကို ဒုတိယမင်းသမီးနေရာပေးဖို့ ကတိပေးထားတယ်လို့ပြောလို့ ကျွန်မ လိမ်းပေးလိုက်တာပါ။"

ရှုရှီယန် လင်ဒါအား လက်ညှိးထိုးကာပြောလိုက်သည်။

"မင်း..လူလိမ်။ ငါ အဲ့လိုမျိုးတစ်ခါမှ မပြောဖူးဘူးလေ။"

သို့သော် လင်ဒါသည် တည်ငြိမ်လေးနက်နေသည်။ ဘုရားအား ကျမ်းသစ္စာကျိန်ဆိုတော့မည့်ပုံပင်ပေါက်နေသည်။

"ကျွန်မ အမှန်တိုင်းပြောနေတာပါ။ ကျွန်မကို မယုံရင် တီနာကို မေးလို့ရပါတယ်။"

တီနာ ခေါင်းငြိမ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်။ မစ္စတာယန်။ အဲ့တာ ရှုရှီယန်က ဒီဝတ်စုံကို ဝတ်ဖို့ အတင်းတောင်းဆိုလို့ပါ။"

ရှုရှီယန် "......"

ထိုသူတို့၏ ပြောဆိုချက်များအား ငြင်းဆိုလျှင်လည်း မည်သည်မျှမထူးတော့မည့်ပုံပင်။ သူမ ဘယ်လောက်ပင် ငြင်းဆန်ပါစေ အပြစ်သည် သူမဘက်သို့သာ ကျရောက်လာလေမည်။ သူမ မသိခဲ့သည့်အရာသည် ရှုရှင်းရို၊ လင်ဒါနှင့် တီနာတို့သည် အရင်အချိန်တွင် အတူတူအလုပ်လုပ်ဖူးကာ အတော်ရင်းရင်းနှီးနှီးရှိကြသည်ကိုပင်။ ထိုသူနှစ်ယောက် ရှုရှင်းရိုအား ကူလိမ်ပေးရန် အဆင့်သင့်ဖြစ်နေကြပြီးသားပင်။ ထို့ကြောင့် အပြစ်အာလုံးအား ရှုရှီယန်ထံသို့ ပုံချနိုင်ကြသည်။

ရှုရှီယန် သက်ပြင်းချလိုက်သည်။ ရှုရှင်းရို ကလေးဆန်ကာ ဤမျှလောက်ထိသွားမည်ဟု မမျှော်လင့်ထားပေ။ ရှုရှင်းရို၊ သူမ၏ ဇာတ်ရုပ်ဖြစ်သော ဒုတိယမင်းသမီးဇာတ်ရုပ်နှင့် အလွန်ပင်လိုက်ပေသည်။ ကစားကွက်အားခန့်မှန်းတတ်ကာ ကြိုးကိုင်ချယ်လှယ်တတ်၍ ကြောက်စရာကောင်းသည်ပင်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now