အပိုင်း(၃၈) တော်တော်များများ သင်လိုက်ရတယ်။

991 74 0
                                    

"ဟဲလို။ အားလုံးဘဲ ကျွန်မကတော့ ချယ်ရီဘေဘီရဲ့ အဒေါ်လိမ္မော်သီးပါ။ ဒီလိုမျိုး အကုန်လုံးကိုတွေ့ဖို့ အခွင့်အရေးရတဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။ ချယ်ရီရဲ့မေမေက အခုကစပြီးအလုပ်များတော့မှာဖြစ်တဲ့အတွက် အန်တီလိမ္မော်သီးကဘဲ ချယ်ရီဘေဘီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို အချိန်တစ်ခုအနေနဲ့ ကူညီသွားမှာပါ။ အားလုံးနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပါ။"

ဖန်ရှောင်ချန် ပရိတ်သတ်အားစကားပြောနေသည့်အချိန်တွင် သူမအရမ်းစိတ်လှုပ်ရှားနေသည်။ ထို့ကြောင့် သူမအသံသည် အနည်းငယ်တုန်နေသည်။ ကံကောင်းစွာပင် သူမ အမှားတစ်ခုမျှမပြုလုပ်ခဲ့ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုသည် ဇာတ်ညွှန်းအတိုင်းပင် ဆက်သွားကာ ပါတနာနှစ်ယောက်သည်လည်း တစ်ယောက်နှင့်တစ်ယောက်အဆင်ပြေသည်။ အစီစဉ်အလယ်သို့ ရောက်သောအခါ ဖန်ရှောင်ချန် စိတ်ပေါ့ပါးလာသလိုခံစားလာရပြီး လုပ်နေသောအရာအား စတင်အာရုံစိုက်လာလေသည်။

ချယ်ရီလေးသည် ဇက်စတန်သို့ သူမပြန်ရောက်လာသောအထိမ်းအမှတ်အနေဖြင့် စပါရှယ်အပိုင်းနှစ်ပိုင်းပြင်ဆင်ထားသောကြောင့် ပရိတ်သတ်အရေအတွက်သည် သိသိသာသာပင်များပြားလာသည်။  တဖြေးဖြေးနှင့် ပရိတ်သတ်များသည် သူမတို့၏ အစီစဉ်တွင် စတင်ပြည့်လျှံလာလေသည်။

ဟွာယိုရှန်သည် ယွန်ဟိုင်းအဆောက်အအုံတွင်းရှိ Dရုံးခန်းတွင်ထိုင်နေသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်သော ပရိတ်သတ်များထဲမှ တစ်ယောက်ပင်။

ဟွာယိုရှန်အား အံ့အားသင့်စေသည်မှာ ချယ်ရီဘေဘီသည် အဓိကစပါယ်ရှယ်အပိုင်းနှစ်ပိုင်းအား ပြင်ဆင်ထားခြင်းဖြစ်သည်။ ဟွာယိုရှန် ဤအစီစဉ်အားကြည့်နေသည်မှာ လအနည်းငယ်ပင်ရှိနေသည်။ အဓိကအချက်များအား တဖြေးဖြေးနှင့် စတင်သ‌ဘောပေါက်လာလေသည်။ တခြားပရိတ်သတ်များသည် ကလေးမလေးအား လက်ဆောင်ပေးသည်ကိုတွေ့သောအခါ သူသည်လည်း သူမထံလက်ဆောင်ပေးချင်သည့် ဆန္ဒအား မထိန်းချုပ်နိုင်ပေ။

ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်နေသည့် ‌‌ နေရာသည် အခမ်းအနားကျင်းပရာနေရာတစ်ခုအသွင်ပြောင်းသွားသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now