အပိုင်း (၇၅) သူ့ကို အလိုလိုက်ခြင်း။

717 50 0
                                    

ရှုရှီယန် နေရခက်စွာပြုံးလိုက်သည်။

ထိုနှစ်နာကြေးကိစ္စတွင် ဟွာယိုရှန်အား အကြွေး၁၀ဘီလီယံပေးရမည့်သူသည် သူမပင် မဟုတ်သည်လား။ သူ၏ စောင့်ရှောက်သူဖြစ်ကာ အကြွေးများပေးရန် သူမ ဒီကို လာခဲ့ခြင်း မဟုတ်ပါလား။ အကြွေးပိနေသော စောင့်ရှောက်သူတစ်ယောက်အနေနှင့် အလုပ်ရှင်ဆီမှ အိပ်ကောင်းစားကောင်းရန်အတွက် တောင်းဆိုရန် မည်သည့်အခွင့်အရေးများ သူမဆီတွင် ရှိလေသနည်း။

သူမအား နေထိုင်ရန်အိမ်တစ်လုံးပေးသည်နှင့်ပင် အတော်ပင်လုံလောက်နေပေသည်။ သူမအပေါ်ဆက်ဆံသည့် ဟွာယိုရှန်၏အပြုအမှုသည် လူချမ်းသာများအပေါ် သူမ၏အမြင်အား ပြောင်းလဲပေးခဲ့ကြောင်း သူမ ဝန်ခံရပေမည်။

သူမ အရင်အချိန်များတွင် လူချမ်းသာများသည် ရက်စက်သောလူများဟု တွေးခဲ့သည်။ သို့သော် ဟွာယိုရှန်သည် ထိုသူများနှင့် လုံးဝမတူပေ။ သူဌေးတစ်ယောက်ယောက်အပေါ်တွင် သူမအကြွေးတင်နေလျှင် တရာရုံးသို့ဆင့်ခေါ်ခံရမည်၊ သို့မဟုတ် သူမပိုင်သည့်ပစ္စည်းများမပေးနိုင်လျှင် ပြည့်တန်ဆာအဖြစ်အတင်းရောင်းစားခံရပေမည်ဟု စိုးရိမ်လေသည်။

ဟွာယိုရှန်ကဲ့သို့ သဘောကောင်းသည့်အလုပ်ရှင်၏ လက်အောက်တွင် အလုပ်လုပ်ရခြင်းသည် ရှုရှီယန်အတွက် ကောင်းချီးပေးမှုတစ်မျိုးပင်။ အခန်း၁၀၂တွင် ရှုရှီယန်၊ သူမ၏ ပစ္စည်းများနေရာချလိုက်ပြီးနောက် ရေနွေးလေးဖြင့် တစ်ကိုယ်ရေသန့်စင်ရေချိုးလိုက်ကာ သန့်ရှင်း၍သက်သောင့်သက်သာဖြစ်သော အဝတ်တစ်စုံ လဲလိုက်သည်။ ထို့နောက် ၁၀၁သို့သွားလိုက်ကာ လူခေါ်ခေါင်းလောင်းအား နှိပ်လိုက်သည်။

တခနအကြာတွင် တံခါးပွင့်လာကာ ဟွာယိုရှန်ပေါ်လာသည်။ သူ၏ မီးခိုအနုရောင်တီရှပ်အင်္ကျီအရှေ့တွင် ရေစိုအကွက်တစ်ကွက်ရှိနေသည်။

"မင်းကို စောင့်စေရလို့ အားနာပါတယ်။" သူပြောလိုက်သည်။

"ရပါတယ်။"

အိမ်ထဲသို့ဝင်ပြီးနောက် ဖန်ရေကရားတစ်ခုသည် စားပွဲပေါ်တွင်မှောက်နေကာ ကြမ်းပြင်ပေါ်တွင်ရေများစိုနေကြောင်း သူမသတိထားမိလိုက်သည်။ ရေသောက်သည့်ခွက်သည် ကြမ်းပြင်ပေါ်တွင်ရှိနေသည်။ သူမ ခေါင်းလောင်းနှိပ်လိုက်ချိန်တွင် ဟွာယိုရှန် သူ့ကိုယ်ပေါ်တွင် ရေများဖိတ်မိပြီး‌နောက် တံခါးဖွင့်ရန်အလျင်အမြန်လာသည့်အချိန် ရေကရားအား မတော်တဆတိုက်မိပေလိမ့်မည်ဟု ရှုရှီယန် ခန့်မှန်းလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now