အပိုင်း (၉၇) ရှင် အတော်ကို ရက်စက်တာဘဲ။

712 49 4
                                    

unicode

ရှုရှင်းရို၏လက်ဆောင်ပစ္စည်းများ ကြမ်းပြင်ပေါ်တွင် ကျိုးပဲ့ပျက်စီးကုန်တော့သည်။ အိမ်ကြီး၏သခင်မအရှင်ပုံစံအားထုတ်လိုက်ကာ ဆူရူအီ ‌ဒေါသထွက်စွာ မတ်တပ်ရပ်ရင်းပြောလိုက်သည်။

"ရှုရှီယန်၊ မင်း ဘာလုပ်တာလဲ။ ဒီလက်ဆောင်တွေက ဘယ်လောက်ဈေးကြီးတယ်ဆိုတာ မသိဘူးလား။ နင့်ကိုနင် ပြန်ကြည့်လိုက်အုန်း။ အိမ်ကိုပြန်လာတာတောင် ဘာမှမယူလာဘူး၊ မြက်တစ်မျှင်တစတောင် ပါမလာဘူး။ နင့်ရဲ့အစ်မကမှ နင့်ထက်ပိုသိတတ်၊ တွေးတတ်သေးတယ်။"

မဒမ်ရှု မျက်မှောင်ကျုတ်ကာပြောလာခဲ့သည်။

"ဘာဖြစ်တာလဲ။ ဒီကောင်မလေးရဲ့ ဒေါသက အရင်အတိုင်းဘဲ ဆိုးနေတုန်းဘဲ။ အခုထိကို မရင့်ကျက်လာသေးဘူးလား။"

ရှုရှီယန်၏ရင်ဘတ်သည် ဒေါသထွက်လွန်းတာကြောင့် အပေါ်အောက်နှိမ့်ချီမြင့်ချီဖြစ်နေသည်။ အဖွားကြီးအား ရှုရှီယန် လျစ်လျုရှုကာ ဆူရှုအီအား တိုက်ရိုက်ပြောလိုက်သည်။

"ပြောစမ်းပါအုန်း၊ ဆူရူအီ။ အဖိုးကို ဘာလို့ မှောင်မဲနေတဲ့ တဲထဲမှာထားထားတာလဲ။ ဘာလို့ သူ့ကို အဲ့လို နှိပ်စက်အနိုင်ကျင့်ထားတာလဲ။ အဲ့နေရာက လူတစ်ယောက် နေလို့ရတဲ့နေရာလို့ တကယ် ထင်နေတာလား။"

"ဘယ်သူက သူ့ကို နှိပ်စက်နေလို့လဲ။" ဆူရူအီမေးလိုက်သည်။

"အဖိုးကြီးက အစကတည်းက သူငယ်ပြန်နေတာလေ။ အမြဲတမ်း တွေးဝေနေပြီး ဘယ်သူကိုမှကို ထပ်ပြီးမှ မမှတ်မိ တော့တာ။ ငါတို့ကလည်း သူ့ကို လျှောက်သွားအောင် လွှတ်ထားလို့လည်းမရဘူး။ ထပ်ပြီး လျှောက်ထွက်သွားပြီး လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ။"

ဆူရူအီ၏ စိတ်ရင်းအစစ်အား ဖော်ပြရန် ရှုရှီယန်ဆုံးဖြတ်ထားသည်။

"ဆင်ခြေတွေပေးမနေနဲ့၊ ငါကို အရူးလုပ်မနေနဲ့။ နင် အဖိုးကိုမုန်းနေတာမလား၊ ဘာလို့လဲဆိုတော့ အဖိုးက နင် ရှုမိသားစုထဲဝင်လာမှာကို ကန့်ကွက်ခဲ့လို့လေ။ အခုတော့ သူလည်း အိုပြီ၊ ဆိုတော့ ရှုမိသားစုအိမ်တော်ရဲ့သခင်မက သူ့ကို ဆန့်ကျင်ပြီးလက်တုန့်ပြန်ဖို့ အခွင့်အရေးရသွားတာပေါ့။ ဆူရှုအီ၊ ရှင်က တကယ့်ကို ရက်စက်တဲ့သူဘဲ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now