အပိုင်း (၉၄) ရှုမိသားစု၏အိမ်တော်သို့ ပြန်သွားခြင်း။

665 45 1
                                    

unicode

ရှုရှီယန်၊ သူ၏အဖိုးဖြစ်သူအား အရမ်းချစ်သောကြောင့် ထိုရှုအိမ်တော်သို့ သူမ မပြန်ချင်လျှင်တောင် သူမ လုံးဝပြန်သွားပေလိမ့်မည်ဆိုသည်ကို ဖန်ရှောင်ချန်နားလည်သည်။ ဖန်ရှောင်ချန်စိုးရိမ်သည့်အရာသည် ရှုရှီယန်၏အဖေဖြစ်သူ ရှူဂျင်ရှန်ကိုပင်။ ရှုရှီယန် အရင်အချိန်များတွင် အဖေဖြစ်သူ၏အရိုက်အားခံရကာ အမြဲတမ်းပင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်‌နေသည်။

"ငါ့ကို ထပ်ပြီး ရိုက်ရဲကြည့်လိုက် သူ ငါ့ကိုရိုက်လို့ နောင်တရသွားအောင် ငါ လုပ်လိုက်မှာ။" ရှုရှီယန်ပြောလိုက်သည်။

အရင်အချိန်တုန်းများတွင် ရှုရှီယန်သည် ကြောက်တတ်သောမိန်းကလေးဆစ်ယောက်ပင်။ ရှုမိသားစုသည် သူမအား ရိုက်နှက်အနိုင့်ကျင်လျှင်တောင်မှပင် သူမသည် ထိုအရာအားလုံးအား တိတ်တိဆိတ်ခံစားပေသည်။ ယခုပင် ရှုရှီယန်ပြောင်းလဲသွားပေသည်။ သူမ၏ခန္ဓာကိုယ်အား ကိုယ်ခံပညာတိုက်ခိုက်ခြင်းတွင် ထိန်းကျောင်းထားပေကာ သူမအား အကယ်၍ ရှုဂျင်ရှန်ထိလာလျှင် သူ နောင်တရပေရန် သူမ လုံးဝပင် လုပ်နိုင်ပေလိမ့်မည်။

"ဟေး၊ ပြီးတော့ ယင်ဘာအိုကိုလည်း မေ့မနေနဲ့အုန်း။ တကယ့်လို့ နင်တစ်ခုခုဖြစ်ရင် ကလေးကို ဘယ်သူစောင့်ရှောက်မှာလဲ။"

ရှုရှီယန်၏လက်အားကိုင်လျှက် ဖန်ရှောင်ချန် ပြောလိုက်သည်။

"နင့်ကို ထပ်ပြီး အနိုင်ကျင့်ရင် သတင်းဌာနဆီသွားလိုက်။ တလောကလုံးကို သူဘယ်သူဆိုတာ ပေးသိလိုက်၊ လူတွေဆုံးဖြတ်လိမ့်မယ်၊ ပြီးရင် အနုပညာလောကကနေ သူ့ကို မောင်းထုတ်လိုက်လိမ့်မယ်။"

"ဒီအကြံမဆိုးဘူးဟ။"

ရှုဂျင်ရှန်၏ အနိုင့်ကျင့်မှုအကျင့်စရိုက်အား ရှုရှီယန် ဖော်ထုတ်နိုင်လျှင် သူအား သူမ ထိန်းချုပ်နိုင်ပေမည်။

ပြီးရင် ဘာများဖြစ်မလဲ။ ငါ အရမ်း စိတ်လှုပ်ရှားနေပြီ။

........

သုံးရက်ကြာပြီးနောက် ကိတ်မုန့်ဆိုင်မှ အဖိုးအကြိုက် ပဲပင်ပေါက်ပဲစေ့ကိတ်မုန့်လေး ရှုရှီယန်ဝယ်လိုက်ကာ ရှုအိမိတော်ဆီသို့ သွားလိုက်သည်။ ငါးနှစ်ကြာပြီးနောက် အိမ်တော်သည် အရင်ကထက်ပင် ပို၍ တောက်ပြောင်ကြည့်ကောင်းလာသည်။ အိမ်တော်ထဲသို့ ရှုရှီယန် လျှောက်ဝင်လိုက်ချင်းပင် ဘဏ္ဍာထိန်းဆူဂန်သည် အိမ်တော်ထဲသို့ အလျင်အမြန်ပြေးဝင်လိုက်ကာ အော်လိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now