အပိုင်း(၉)သဘာ၀ကိုဖီဆန်ပြီးဖန်ဆင်းထားတဲ့သူမ၏ချစ်စရာကောင်းမှု

1.6K 145 0
                                    

unicode ver -

ငါးနှစ်ကြာပြီးနောက်......

ဇာပန်းများ ထည်ဝါစွာထိုးထားသော တာဒါရှီလျှိုဂျီတံဆိပ် သနပ်ခါးရောင် နွေရာသီဒီဇိုင်းဂါဝန်အား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်အား ပေကျင်းလေဆိပ်တွင် ‌တွေ့ရသည်။ ထိုအမျိုးသမီးနှင့်အတူ ဘေးတွင် ထိုအမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားသော ကလေးမလေးတစ်ယောက် ပါရှိသည် ။

ထ်ိုအမျိုးသမီးသည် ခနွာကိုယ်သွယ်လျသည်သာမက ချောမောလှပပေသည် ။ သူမ၏မျက်နှာသွင်ပြင်သည် လက်ရာမြောက်ပန်းပုတစ်ခုလိုပင် အချိုးအစားပြေပြစ်ကာ သိမ့်မွေ့ထည်ဝါနေသည် ။ ဖြောင့်စင်း၍မဲနက်သော ဆံပင်အရှည်ကြီးသည် သူမ၏အလှကို ပို၍ ကျက်သရေရှိအောင်ပင် ပံ့ပိုးထားလေသည် ။

ချစ်စဖွယ်ကောင်းသော ရှေ့ဆံမြိတ်သေးသေးလေးများရှိသည့် ကလေးမလေးတွင် ပန်းနုရောင်သန်းနေသော မျက်နှာပြင်နှင့် မဲနက်ကာ ကြယ်များကဲ့သို့ တောက်ပရွှန်းလဲ့နေသော မျက်လုံးတစ်စုံပင်ရှိသည် ။ သူမပြုံးရယ်လိုက်တိုင်းတွင် သူမ၏ သွားသေးသေးလေးများသာမက အလွန်ပင် ချစ်စရာကောင်းသော ပါးချိုင့်လေးများပင် ထပ်ဆောင်းဖော်ပြထားသည် ။

ထိုအမျိုးသမီး နှင့် ကလေးမလေးတို့ နှစ်ယောက်စလုံးသည် လူအများ၏ စိတ်ဝင်စားမှုကို ခံရပေသည် ။ ကြည့်နေသောလူအများမှာမူ အနုပညာရှင်စတားတစ်ယောက်သည် သူမ၏ ကလေးအား တရုတ်သို့ ပြန်လည်ခေါ်ဆောင်လာခြင်းဟုပင် ထင်နေကြပေသည် ။

ရှုရှီယန် အထုပ်အပိုးများကို ဆွဲထားရုံသာမက သမီးဖြစ်သူ ယင်ဘာအိုအား ဆွဲခေါ်ရသောကြောင့် ခရီးဖင့်ကာ ရှေ့သို့မရောက်နိုင်ဖြစ်‌နေသည် ။ အဝေးကြီးပင် မရောက်သေးခင် အိတ်တစ်အိတ်သည် ကြမ်းပြင်ပေါ်သို့ပြုတ်ကျကာ အထဲတွင်ပါသော ပစ္စည်းများသည်လည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကုန်လေသည် ။ သူမ အောက်ကျသည့် ပစ္စည်းများ လိုက်ကောက်ရင်း  အလုပ်ရှုပ်နေသည် ။

ထိုအချိန်တွင် ယင်ဘာအိုသည် အိတ်အကြီးဆုံးပေါ်တွင် ထိုင်ကာ လေဆိပ်အတွင်း ဖြတ်သန်းသွားလာနေသော လူအများအား ငေးကြည့်နေလေသည် ။ သူမနှင့် ဆန်ကျင့်ဘက်မှလာသော လူအုပ်ကြီးအား မြင်လိုက်သည့်အချိန်တွင် သူမ၏ ဝိုင်းစက်တောက်ပသော မျက်လုံးများပင် လှုပ်ရှားသွားသည် ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now