အပိုင်း (၉၂) ငါ့ရဲ့ အချိန်အဆကို ငါသိတယ်။

556 41 0
                                    

unicode

ရှုရှီယန်သည် သူမ၏အရည်အချင်းများအား ဤသရုပ်ဆောင်ခြင်းတွင် ဖြုန်းနေကာ သူမ၏ အဓိက အရည်အချင်ူအမှန်သည် ဂီတဖြစ်သည်ဟု ဖန်ရှောင်ချန်တွေးနေသည်။ တယောအား သူမကျွမ်းကျင်စွာ တီးခတ်နိုင်ကာ သူမ၏အမေ ကျင်ရူရွယ်ထက်ပင် ပို၍တော်လှသည်။ သူမ တယောတွင် ကျွမ်းကျင်တော်သည်သာမက သူမ၏ သာအရေးအသားသည်လည်း တစ်ဖက်ကမ်းခတ်စွာ ကျွမ်းကျင်လှသည်။ ထို့အပြင် သူမသည် တရုတ်စာပေတွင် အဓိကသင်ယူထားပေသည်။ ရှုရှီယန်၊ သူမ၏ အလုပ်များအား လူထုထဲသို့ ဖြန်ုချီရာတွင် ထည့်သွင်းခဲ့ဖူးလေသည်။ မဂ္ဂဇင်းများစွာတွင် ထည့်သွင်းဖော်ခြင်းအား ခံခဲ့ရဖူးလေသည်။ တယောတီးခြင်း သို့မဟုတ် မဂ္ဂဇင်းတွင်သာရေးခြင်းတို့အား သူမ မရွေးချယ်လျှင်တောင်ပင် သူမ၌ ထက်မြတ်ဉာဏ်ရည်တော်သောစိတ်နှင့် လှပသော မျက်နှာရှိပေသည်။ ယင်ဘညအိုနှငိ့အတူ တိုက်ရိုက်ထုတ်လွှက့်မှုလုပ်လျှင်တောင်ပင် သုမ ချမ်းသာနိုင်သည်။ သူမ၏ လှပသောမျက်နှာလေးဖြင့် သူမ ပိုက်ဆံရှာနိုင်ခြင်းကိုတောင်ပင် ငရဲကဲ့သို့ ဆက်းရဲဖွယ်ရာ ရုပ်ရှက်လောကကိုပင် သူမရွေးချယ်နေသည်။

"ငါမလုပ်နိုင်ဘူး။ ဒီနေရာရဖို့ ငါ တော်တော်ကြိုးစားအားထုတ်ထားရတာ၊ ဒီဟာက ငါ့အတွက် အရေးကြီးတဲ့ အခွင့်အရေးတစ်ခုဘဲ။ ဒီနေရာမှာသာ ကါ အရှုံးပေးလိုက်ရင်  ငါလုပ်ခဲ့တဲ့အရာအားလုံး မြောင်းထဲရောက်သွားမှာ။ ငါ့ကို စတန့်သရုပ်ဆောင်အနေနဲ့ ဆက်လုပ်စေချင်လို့လား။"

ရှုရှီယန် အရှုံးပေးမည့် စိတ်ကူးအား တစ်ခါမှမတွေးပေ။ မိစ္ဆာတစ်ကောင်ထံတွင် ဘယ်သောအခါမှ ဒူးထောက်အညံ့ခံမည့် လူစားမဟုတ်ပေ။ ရှုရှင်းရို၏ အခြိမ်းခြောက်မှုအား ဘယ်သောအခါမျှ ခံမည့်သူ မဟုတ်ပေ။ ရှုရှင်းရို ကိုယ်တိုင်ပင် မိစ္ဆာဖြစ်လျှင်တောင်မှပင်။

ဖန်ရှောင်ချန် တခနတာစဉ်းစားပြီးနောက် ရှုရှီယန်တွင် အကြောင်းတစ်ခုခုရှိနိုင်ကြောင်း သိလိုက်သည်။ သရုပ်ဆောင်တစ်ယောက်ဖြစ်ခြင်းသည် စတန့်သရုပ်ဆောင်ဖြစ်ခြင်းထက်ပင် ပိုကောင်းလှသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now