အပိုင်း (၂၈) သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး။

1.1K 86 0
                                    

မစ္စတာရှင်းသည် ရှုရှီယန်၏အရည်အချင်းအား သံသယရှိနေခဲ့သည်။ သို့သော် သူမထံ ဆက်သွယ်လိုက်ချိန်တွင် သူမ၏ အချက် အလက်များထဲ၌ ဝင်းချွင်း၊ လက်ဝှေ့နှင့် တရုတ်လက်ဝှေ့များတွင် ပညာရှင်အဆင့်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ထိုအရာများကြောင့်ပင် သူမအား အစားထိုးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရန် သဘောတူလိုက်ခြင်းဖြစ်သည်။

ရှုရှီယန်၊ သူမ၏အရည်အချင်းများအား ထိုသူများ မယုံမကြည်ဖြစ်နေသည်ကို နားလည်သည်။ အထူးသဖြင့် သူမ ဝတ်စားလာသော အမျိုးသမီးဆန်သော အဝတ်အစားကြောင့်ပင်။

သို့သော် သူမ ထိုနေရာတွင်ရောက်နေလေသည်။ အငြင်းစကားလုံးအား အဖြေအနေနှင့် သူမ လက်ခံမည်မဟုတ်ပေ။ ထိုနေရာအား သူမရရှိရန် သူမ မည်သည့်အရာပင်ဖြစ်စေ အစွမ်းကုန်ကြိုးစားပေမည်။

မျက်စိတစ်မှိတ် လျှပ်တစ်ပြတ်အတွင်းမှာပင် မစ္စတာရှင်းအား စားပွဲပေါ်သို့တွန်းလှဲလိုက်ကာ မလှုပ်သာအောင် ချုပ်ထားသည်။

"အဲတာဆိုရင် ကျွန်မ အဲ့နေရာမှာ သရုပ်ဆောင်ဖို့ ဖြစ်နိုင်ပြီလား။"

"ဟုတ်တာပေါ့။ ရတာပေါ့။"
မစ္စတာရှင်း အံ့ဩစွာ ပြောလိုက်သည်။

"ရတာထက် ပိုကိုပိုနေတာ။"

တွန်းလှဲပစ်လိုက်ပုံသည် အလွန် သေသပ်တိကျလှသည်။ မစ္စတာရှင်း တစ်ခုခု တုန့်ပြန်ဖို့ပင် အချိန်မရှိလိုက်ပေ။

ရှုရှီယန် မစ္စတာရှင်းအား လွတ်ပေးပြီးနောက်တွင် ထိုသူပြောလာလေသည်။

"ဖောင်ဖြည့်လိုက်ပါ။ ပြီးရင် အဝတ်စားသွားလဲလို့ရပြီ။"

ဖောင်ထဲတွင် အမည်နေရာ၌ ကျင်ရှီဟု ရှုရှီယန်ရေးခဲ့သည်။ မျိုးရိုးနာမည် ကျင်သည် သူမ၏ အမေနာမည်ပင်။ ထိုနာမည်သည် သူမ၏ သရုပ်ဆောင်နာမည်ဖြစ်လာလိမ့်မည်။ ထိုနေ့မှစ၍ နောက်ပိုင်းတွင် အနုပညာလောကသည် သူမအား ကျင်ရှီဟု၍သာ သိပေမည်။

ရှုမိသားစုမှလွတ်လာပြီးနောက် ထိုအချိန်မှစ၍ ရှုရှီယန်သည် သူမကိုယ်သူမ၊ သူမအစစ်မှန်အနေဖြင့်သာ ပုံဖော်နေထိုင်ခဲ့သည်။ သူမ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုသည် ရှုမိသားစုအရေးနှင့် လုံးဝမသက်ဆိုင်ပေ၊ အလားတူ ရှုမိသားစု၏ ဂုဏ်ကျော်ကြားမှုနှင့် ကျဆင်းမှုသည်လည်း သူမအပေါ် လုံးဝမသက်ရောက်ပေ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now