အပိုင်း (၁၁၀) ငါ အရှုံးပေးပါပြီ။

568 36 1
                                    

unicode

ဟွာဆန်ယန် သူမ၏မောင် ဤကဲ့သို့သောထူးဆန်းသည့် ပုံစံအား တစ်ခါမျှပင်မမြင်ဘူးပေ။ အရမ်းပင် သံသယဖြစ်စရာကောင်းလှသည်။ ဟွာယိုရှန် လှည့်ကွေ့လိုက်သည့်အချိန် ဟွာဆန်ယန် အိမ်ထဲသို့ အမြန်ပင် ခိုးဝင်လိုက်သည်။ သူမအား အပြင်သို့ ပြန်နှင်ထုတ်ရန် နောက်ကျသွားပေသည်။ ဟွာဆန်ယန် အောင်မြင်စွာပင် ဟွာယိုရှန်၏အိမ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သွားသည်။ သူမ အိမ်ထဲသို့ ခြေချချလိုက်ချင်း သူမ၏ ခွေးနှာခေါင်းသည် အစားစာ၏ အနံအသက်တစ်ချို့ ရလိုက်သည်။

"အနံ့လေးက မွှေးလိုက်တာ၊ ညစာ ချက်ထားတာလား။ ကြည့်ရတာ အချိန်ကိုက်ကို ငါရောက်လာတာဘဲ။"

ဟွာဆန်ယန် သူမ၏အထုတ်အပိုးများချကာ ထမင်းစားခန်းထဲသို့ ဝင်သွားသည်။ စားပွဲခုံသည် စားစရာများနှင့်ပြည့်နေကာ ထိုပေါ်တွင် အစားအသောက်ပန်းကန်များ နှင့် ဝိုင်ခွက်များအား နှစ်စုံစီ သူမ တွေ့လိုက်သည်။ ထိုမြင်ကွင်းသည် သူမ၏ အတွင်းထဲမှ ပါပါရာဇီပိုးအား လှုံ့ဆော်ပေးနေသည်။ သူမ ဟွာယိုရှန်အား မေးလိုက်သည်။

"ဒီမှာ တစ်ယောက်ယောက် ရောက်နေတာလား။"

"မရောက်ဘူး။" ဟွာယိုရှန် ပြန်ဖြေလိုက်သည်။

"အဲ့တာဆို တစ်ယောက်ယောက်ကို မျှော်နေတာလား။" ဟွာဆန်ယန် ဆက်၍ စုံစမ်းလိုက်သည်။

"မဟုတ်ဘူး။"

"အဲ့တာဆို ဘာလို့ အစားအသောက်တွေ အများကြီးဖြစ်နေတာလဲ။"

"ကျွန်တော် ဗိုက်ဆာလို့။"

"ဟုတ်ပါပြီ၊ ဗိုက်ဆာတယ်ဆိုတော့ လာ မြန်မြန် စားလိုက်ရအောင်။ ငါ အရမ်းကို ဆာနေပြီ။ အခုလေးတင် ဌာန ကန်ပိန်းကနေပြီးလာတာ၊ အား... အရမ်းပင်ပန်းတာဘဲ။ ဒီအစားအသောက်လေးနဲ့ ကိုယ့်ကိုကိုယ် ဖြေလျော့နိုင်မယ့် ပုံဘဲ။"

ဟွာဆန်ယန်သည် အိမ်ရှင်ဖြစ်နေသည့်ပုံပင်။ ရှုရှီယန်၏နေရာတွင်ထိုင်၍ တူအား ကောက်ကိုင်လိုက်သည်။

"...."

အခု ဘာဖြစ်ပြန်ပြီလဲ။ တကာ်ကို သူ ဒီမှာထိုင်ပြီး စားတော့မလို့လား။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now