အပိုင်း (၉၃) မင်းရဲ့စေတနာအတွက် ငါ ပြန်ပေးဆပ်ဖို့မတတ်နိုင်ဘူး။

590 47 0
                                    

unicode

"အိုး၊ ဟုတ်သားဘဲ။ ငါ မေ့သွားတာ။"

သူမ၏အဖေဖြစ်သူအား သူမ စွန့်လွှတ်လိုက်လေပြီ။  ရှုရှီယန်နှင့် ရှုဂျင်ရှန်သည် သူတို့၏မိသားစုနှောင်ကြိုးများအား ဖြတ်ပြီးခဲ့ကြလေပြီ။ နှစ်ယောက်လုံး မတွေ့ရသည်မှာ ငါးနှစ်ပင်ကြာသွားကာ ရှုဂျင်ရှန်သည် အတော်ပြောင်းလဲသွားပေသည်။ ဇိမ်ခံကားကောင်းတစ်စီး စီးကာ ခွေးလာ်ပတ်ထက်ပို၍ထူသော ရွှေရောင်ချိန်းကြိုးကြီးတစ်ခု သူ၏လည်ပင်း၌ဆွဲထားပေသည်။ သူ၏ ဘီယာဗိုက်သည် အရင်ကထက်ပင်ပို၍ ဖောင်းကားကြီးလာကာ ဆံပင်တွင်လည်း ငွေရောင်များ ကျိုးတိုးကျဲတဲ အရောင်ဆိုးထားလေသည်။ လုံဝမပြောင်းလဲသောအချက်သည် သူ အမြဲတမ်း ကိုယ်နှင့်မကွာသယ်ဆောင်သွားနေသာ လူကြီးလူကောင်းဆန်သည့်မျက်နှာဖုံးတစ်ခုပင်ဖြစ်သည်။

သူမဆီသို့ ပြုံးပြ၍ လျှောက်လာသည်။ လွန်ခဲ့သောငါးနှစ်တွင် ရှုရှီယန်နှင့် အဆက်အသွယ်ပြတ်စဲခဲ့သော လူမဟုတ်သလိုပင်။ ရှုရှီယန်အား ခြေပြန်ခေါင်းပြန်ကြည့်ကာ ပြောလိုက်သည်။

"ယန်ယန်၊ ဘယ်တုန်းက နိုင်ငံခြားကပြန်ရောက်တာလဲ။ အိမ်ကိုဘာလို့ ပြန်မလာတာလဲ။ သမီးရဲ့အစ်မကသာ သမီးတို့ ရိုက်ကွင်းတစ်ခုတည်းပျတယ်ဆိုတာမပြောရင် သမီးပြန်ရောက်လာတယ်ဆိုတာ အဖေသိမှာကိုမဟုတ်ဘူး။"

"အိုး၊ ဘုရားရေ။ ငါ့နားများ ငါ့ကို ပြန်လိမ်နေတာလား။ ဒါက နာမည်ကြီးနေတဲ့ ယွန်ဟိုင်းက ရုပ်ရှင်ဒါရိုက်တာ မစ္စတာရှုဂျင်ရှန် မဟုတ်လား။ ဆရာကြီးက ဘာကိစ္စကြောင့် ဒီကိုရောက်လာတာလဲရှင့်။"

ခင်ဗျားကိုယ့်ကို ခင်ဗျား ကျွန်မရဲ့ အဖေလို့ ခေါ်ရဲသေးတယ်နော်။ ရယ်စရာကောင်းလိုက်တာ။

ရှုဂျင်ရှန်သည် အတိတ်မေ့သွားသည်လား၊ သို့မဟုတ် အရည်ထူနေ၍ မနာတတ်တဲ့သူလား ရှုရှီယနမသိတော့ပေ၊ ထို့တောင်မှပင် သူမ၏အဖေနေရာအား ကောင်းမွန်စွာသရုပ်ဆောင်နေပေသေးသည်။

"ယန်ယန်၊ အဖေကို ဘယ်လိုများပြောရက်ရတာလဲ။ အရင်ကအတိုင်းဘဲ ဆိုဆုံးမခက်နေတုန်းဘဲ။"

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now