အပိုင်း(၄၇) သူ စိတ်မကောင်းဖြစ်ရလိမ့်မယ်။

886 70 0
                                    

သူ ဒီလိုမျိုးသာ ဆက်ပြီး ဒဏ်ရာရနေမယ်ဆို သူစိတ်မကောင်းဖြစ်ရလိမ့်မယ်။

ဟွာယိုရှန် ရှုရှီယန်၏အိတ်အား အကြည့်ရောက်သွားသည်။ ဇစ်တစ်ဝက်ဖွင့်ထားသော အိတ်ထဲတွင်  ပိုက်ဆံအထပ်လိုက်များအား တွေ့လိုက်ရသည်။

"မင်း ဘာတွေတွေးနေတာလဲ။ အရှေ့ဆင်ခြေဖုံးနေရာက မလုံခြုံဘူးဆိုတာ မသိဘူးလား။ ညဉ့်နက်နေတဲ့အချိန် မိန်းကလေးတစ်ယောက်ထဲ အိတ်ထဲပိုက်ဆံအပြည့်ထည့်သယ်နေတာ....။ ဒုက္ခရောက်ချင်နေတာလား။"

ဘယ်သူတစ်ဦးတစ်‌ယောက်မျှ သူမလောက် မရူးနိုင်ကြောင်း၊သူမ တုံးအနေသည်ဟု ဆိုချင်သည့်ပုံပင်။

သူမ ဤမျှလောက်သော ပိုက်ဆံများနှင့် ပြေးလွှားလှုပ်ရှားနေရသည့်အကြောင်း ရှုရှီယန် မရှင်းပြနိုင်ပေ။ သူမ အားတင်းကာ ဇွတ် အပြုံးတစ်ခုလုပ်ယူလိုက်သည်။

"အိုး...။ ဒါက ကျွန်မဘဏ်ထဲကို ငွေအပ်မလို့၊ ဒါပေမယ့် အပ်ရမယ့် ဘဏ်ကို အခုထိ ရှာမတွေ့သေးလို့။"

ဟွာယိုရှန်၏ စိတ်ထဲတွင် လေးလံနေကာ သက်ပြင်းချလိုက်သည်။

"ရှုရှီယန်။ မင်းသိလား...တကယ်လို့ မင်းသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါ...."

ဟွာယိုရှန် သူ၏စကားအား ဆက်မပြောနိုင်ပေ။ သူမ၏အစီစဉ်အား အရင် မသိခြင်းအတွက် သူ့ကိုယ်သူသာ အပြစ်တင်ပေသည်။

ရှီယန်ကို မစောင့်ရှောက်နိုင်ခြင်းအတွက် ငါ့ကိုယ်ငါ အပြစ်တင်ရမှာပဲ။

"အဲတော့ ကျွန်မ ဒဏ်ရာရသွာရင်ကော။ မစ္စတာဟွာ ဘာလုပ်မှာလဲ။"

ဟွာယိုရှန်အား ရှုရှီယန် သိလိုစိတ်ပြင်းပြစွာ ကြည့်လိုက်သည်။ သူ့ကိုယ်သူသာ အပြစ်တင်နေကြောင်း ရှုရှီယန် ရိပ်မိသော်လည်း ဟွာယိုရှန်သည် တကယ်တမ်းပင် စိတ်ပူနေကာ စိုးရိမ်နေပေသည်။

အမ်။ ငါ့ကို စိတ်ပူတယ်။
အဲတာဆို စတန့်ရိုက်ကူးရင်း ငါဒဏ်ရာရခဲ့လို့ သူ ဒေါသထွက်နေတာ လား။
ဟ..ဟ..ဟ။ အရမ်း ချစ်စရာကောင်းတာဘဲ။ ဒေါသထွက်နေတာတောင် အရမ်းအူယားပြီး ချစ်ဖို့ကောင်းလိုက်တာ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now