အပိုင်း(၄၃) သွေးထွက်နေသော နှလုံးသားတစ်စုံ။

937 75 0
                                    

လူအုပ်ကြီး၏ တိုးတိတိုးတိပြောနေခြင်းကို နားထောင်ခြင်းဖြင့်  ရှုရှီယန်၊ သူမနှင့် စကားများခဲ့သော အမျိုးသမီးမှာ မည်ဝါမည်သူဖြစ်ကြောင်း သိလိုက်ရသည်။ သူမသည် ပေကျင်းမှ တယောပညာရှင်တစ်ယောက်၊ ရွှင်ရာတင်ပေ။

ရှုရှီယန် မှတ်မိသည်သာ မှန်မည်ဆိုလျှင် ရွှင်ရာတင်၏အဖေသည် နိုင်ငံတွင် အင်အားအကြီးဆုံး စက်မှုလုပ်ငန်းတစ်ယောက်ဖြစ်‌သော ရွှင်ကျောင်းရွန်ပေ။ ဤအနုပညာလောကစင်မြင့်တွင် သမီးဖြစ်သူအား စင်တင်ထားနိုင်သည့် အင်အားရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ ရွှင်ကျောင်းရွန်သည် ခုနလေးတင်ပင် ရွှင်ရာတင် တယောတစ်ခုလိုချင်နေကြောင်း ပြောလိုက်သည်။

သူမ မျက်စိကျနေတာ သူ့အမေရဲ့တယောများ ဖြစ်နေမလား။

သူမ၏နှလုံးခုန်သံသည် စတင်ပြီး အခုန်တော်တော်မြန်လာသည်။ သူမစိတ်ကို သူမပြန်ထိန်းကာ ကြမ်းပြင်တွင်ကျနေသော အိတ်အားကောက်ပြီးနောက် လေလံတင်ပွဲ၏စာရင်းပေးရာ ဌာနသို့ ပြေးသွားသည်။ လေလံဆွဲမည့် နံပါတ်အား စာရင်းသွင်းကာ ယူပြီးနောက် ရှုရှီယန် လေလံတင်ခန်းမထဲအား ဝင်သွားလိုက်သည်။ ထိုင်ခုံတစ်ခုအားရှာကာ ထိုင်လိုက်သည်။

နောက်ဆုံး၌ လေလံတင်ပွဲစလေပြီ။ လေလံဆွဲ့မည့် ဂီတူရိယာငါးခုရှိရာ တစ်ခုချင်းစီ၏ပုံနှင့် အချက်အလက်များအား မျက်နှာပြင်အကြီးကြီးတစ်ခုပေါ်တွင် ဖော်ပြထားသည်။
"အာတီမစ်"ဟူသော သူမအမေအသုံးပြုဖူးသည့် နာမည်ပါသည့် တယောတစ်လက်အား ရှုရှီယန် သတိထားမိလိုက်သည်။ထိုနာမည်အား အမေဖြစ်သူ ပေးခဲ့ခြင်းဖြစ်သည်။

သူမအမေ၏နာမည်သည် ကျင်ရူရွယ်ဖြစ်သော်လည်း အာတီမစ်သည် သူမ‌အမေ၏ အင်္ဂလိပ်အမည်ပေ။ တယောအား ရှုရှီယန်မြင်သည့်အခါ သူမအမေတယောတီးနေသည့် ပုံသည် သူမ၏စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာသည်။ ရှုရှီယန် စိုးရိမ်နေသည့်အပြင် စိတ်လည်းလှုပ်ရှားနေသည်။ ထိုတယောအား သူမ ပြန်ရယူနိုင်ရန် စိတ်ထဲတွင် တိတ်တဆိတ်ဆုတောင်းနေသည်။

လေလံပစ်သူ ပေါ်လာပြီးနောက် လေလံပွဲစတင်လေသည်။ပထမလေးကြိမ်မြောက်ဆုံရှုံးသွားခြင်းအား ရှုရှီယန် မမှုပေ။ ငါးကြိမ်မြောက်ပစ္စည်းပေါ်လာရန် သူမစောင့်နေပေသည်။ အာတီမစ်အား စောင့်နေသည်။ စတိတ်ဆင်ပေါ်တွင် ဝန်ထမ်းတစ်ယောက်သည် ငါးကြိမ်မြောက်ပစ္စည်းအား ဒေါက်တိုင်တစ်ခုပေါ်တွင် လာတင်လေသည်။ တယောသည် အမြင်တွင် နှစ်ကြာကာ အိုနေလေပြီ။ ထိုအရာအား မှန်ဘောင်တစ်ခုထဲတွင် ထည့်ထားသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now