အပိုင်း(၃၉) ဘယ်သူများ ပထွေးဖြစ်ချင်မှာလဲ။

1K 75 0
                                    

ရှုရှီယန် အချိန်တခနအကြာတိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။

"ငါလည်း ဒီအကြောင်းနဲ့ဘဲ ဒုက္ခရောက်နေတာ။ ဒါပေမယ့် ယင်ဘာအိုက ငါ့သမီး။ ဘယ်လိုအခြေအနေဘဲရောက်ပါစေ ငါ့သမီးကို အန္တရာယ်ကနေ ကာကွယ်ခွင့် ငါ့မှာအပြည့်အဝရှိတယ်။"

ထိုစကားများပြောနေချိန် အနုပညာလောကမှ ပါပါရာဇီများကို စဉ်းစားမိသည်။ ထိုသူများသည် ရောင့်ရဲတင်းတိမ်မှုမရှိသည့်အကြောင်းအား သူမ ကောင်းစွာသိလေသည်။ ယင်ဘာအိုအကြောင်းသိရှိမှုမှ ထိုသူတို့အား မည်သို့ ဝေးအောင် သူမ ထားနိုင်ပေမည်နည်း။

ဖန်ရှောင်ချန် အကြံတစ်ခုထွက်လာသည်။

"ယန်ယန်။ ငါ့အထင် ယင်ဘာအိုနဲ့ပက်သက်ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ နည်းရှိပြီထင်တယ်။"

"ဆက်ပြောကြည့်။"

"ယင်ဘာအိုကို နင့်ရဲ့တူမလို့ပြောလိုက်ရုံဘဲ။ နင် ရုပ်ရှင်ရိုက်ရင်းအလုပ်ရှုပ်နေတဲ့အချိန် ငါ့အိမ်မှာ ယင်ဘာအိုကို လာထားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ပန်းဆိုင်နဲ့က အဲ့လောက်ကြီး အလုပ်မရှုပ်ဘူးလေ။" သူမဝန်ခံလိုက်သည်။

"အိုး။ လိမ္မော်သီး။ တကယ်ကိုကောင်းတဲ့ စိတ်ကူးဘဲ။ တကယ်ကို အကုန် ကြိုးစားပြီးတွေးထားတာဘဲ။ ဘယ်လိုတောင် တွေးခေါ်တတ်တာလဲ။ နင်သာ ယောင်္ကျားလေးဆို ငါနင့်ကို နှလုံးခုန်သံတစ်ချက်တည်းနဲ့တင် ယူပြီးပြီ။"

ရှုရှီယန် အရမ်းပင်ပျော်ရွှင်သွားသောကြောင့် ဖန်ရှောင်ချန်အား ပွေ့ဖက်လိုက်သည်။ သူမသည် တကယ်ပင် ကြင်နာပြီး စောင့်ရှောက်ပေးသော သူငယ်ချင်းကောင်းတစ်ယောက်ပင်။ ဖန်ရှောင်ချန်လို သစ္စာရှိသောသူငယ်ချင်းမျိုး သူမ၏ ဘဝတွင်ရှိခြင်းအတွက် ဝမ်းသာလှပေသည်။

ဖန်ရှောင်ချန် ပြုံးကာ သူမ၏ကျောအားပုတ်ပေးနေသည်။ ထို့နောက် ရယ်ကာ သူမအား ပြောလိုက်သည်။

"ငါလည်း နင့်ကို လက်ထပ်မှာပါ။ ဒါပေမယ့် ဒါချီလက်မခံမှာတော့ ငါကြောက်တယ်။"

လူကြီးနှစ်ယောက်ပြောနေသော စကားတစ်ဝိုင်းလုံးအား ယင်ဘာအိုကြားလိုက်သည်။ အမေဖြစ်သူ၏အခက်အခဲများကို သူမနားလည်လိုက်သည်။ သူမသည် အမေဖြစ်သူအတွက် ဒုက္ခမဟုတ်မှန်း သက်သေပြချင်သည်။ ဖန်ရှောင်ချန်အား သူမပြောလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now