အပိုင်း(၇)တောင်းပန်တယ်ဆိုတဲ့စကားလုံးငါ့အဘိဓာန်မှာမရှိဘူး။

1.6K 143 0
                                    

unicode ver -

သူမ၏မိခင်ပိုင်သော တယောတစ်လက်နှင့် ရင်ထိုးတစ်ခုကိုပင် ယူဆောင်ခဲ့သည် ။ မိခင်ဖြစ်သူ ကျင်ရူရွယ်သည် ပြင်တွင်းသာမက ပြည်ပ၌ပင် ထင်ရှားကျော်ကြားသော တယောပညာရှင် တစ်ယောက်ပင် ။ နောက်ပိုင်းတွင်မူ ဂီတလောကမှ နှုတ်ထွက်ကာ ‌ရှုဂျင်ရှန်၏ နာမည်ကြီး ဒါရိုက်တာအိမ်မက်အား ကူညီပေးရန်  ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့လေသည် ။

သို့သော် နောက်ဆုံး၌ သူမတို့လက်ထပ်ပြီးနောက်တွင် ရှုဂျင်ရှန်အား ဤမျှဆိုးရွားသောလူ ဖြစ်လိမ့်မည့်အကြောင်းကို တစ်စိုးတစ်စမျှပင် မမျှော်လင့်ခဲ့ပေ ။

ထူးခြားဆန်းကြယ်သော ရင်ထိုးတစ်ခုကပင် သူမတို့နှစ်‌ယောက်၏ ဆက်ဆံရေးပျက်စီးမှုနှင့် ရှုဂျင်ရှန်၏ အိမ်တွင်းသောင်းကျန်းမှုတို့၏ အစဖြစ်လာသည် ။

ရှုဂျင်ရှန်သည် ကျင်ရူရွယ်နှင့် ထိုရင်ထိုးပေးသော အမျိုးသားအား တစ်နည်းနည်းဖြင့် ပက်သက်ဆက်နွယ်နေလိမ့်မည်ဟု တထစ်ချယုံကြည်ထားလေသည် ။ သူမအား ရိုက်နှက်သည့်အချိန်တိုင်းတွင်ပင် ရင်ထိုးအားပေးသည့် လူအကြောင်းအား တရစပ်မေးလေသည် ။ သို့သော် ကျင်ရူရွယ်သည် ထိုအကြောင်းအားပြောမည့်အစား အရိုက်ခံ၍ အသေခံမည်ဟုပင် ဆုံးဖြတ်ထားခြင်းပေ ။

သူမ၏ နောက်ဆုံးအသက်ထွက်သည့် အချိန်ထိပင် ထိုရင်ထိုးအား သူမ၏လက်ထဲ၌ ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့သည် ။ ထို့ကြောင့်ပင် ရှုဂျင်ရှန်သည် ပို၍ပင် ထိုရင်ထိုးပိုင်ရှင်အား သိချင်ပေသည် ။

သူမ၏မိခင်ဖြစ်သူ အသက်ပင် အဆုံးရှုံးခံကာ ကာကွယ်ပေးသော ထိုသူသည် မည်သူနည်း ။

ရှုရှီယန် အထုတ်အပိုးများ အားလုံးထုတ်ပိုးပြီးစီးသည့်အခါတွင် သူမ၏ အိတ်အားယူကာ အောက်ထပ်သို့ဆင်းလာသည် ။ ရှုဂျင်ရှန် နှင့် ဆူရူအီတို့ နှစ်ယောက်အား မတွေ့ပေ ။ ရှုရှင်းရိုတစ်ယောက်သာ သူမအနားလာ၍

“ယန်ယန် ဘာလို့ဒီလောက်ရူးမိုက်ရတာလဲ ။ ညီမလေးသာ အမှားကိုဝန်ခံပြီး တောင်းပန်ရင် ဖေဖေက ခွင့်လွှတ်ပေးမှာ။”

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now