အပိုင်း(၂၀) စိတ်ရင်းနဲ့ကို ကျေးဇူးတင်ပါတယ်။

1.3K 117 0
                                    

သူမ အရမ်းပင်ရှော့ရသွားသည် ။ ဇာတ်ကားများ၏ ဘုရင်အား အပြင်တွင် လူကိုယ်တိုင် သူမ ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမျှပင် စိတ်မကူးဖူးပေ ။

သူက တကယ်လို့ အယ်ဗစ် ၊ ဟွာယိုရှန်ဆိုရင် သူက ရှုရှင်းရို နဲ့ ချုယုဟီတို့ နှစ်ယောက်သားကို ထောက်ပံ့ပေးနေတဲ့ သူဌေးပေါ့ ။
သူ.....အခု သူက ဘာလိုချင်လို့လဲ ။
သူတို့နှစ်ယောက်က သိတာလည်းမဟုတ် ၊ ဘာမှပြောစရာလည်း မရှိတဲ့လူတွေမို့လား ။

တွေးနေရင်း နှင့် ရှုရှီယန်မနေနိုင်ကာ ထုတ်မေးလိုက်သည် ။

“ဘာလို့ ငါက ဒီရောက်နေတာလဲ။”

ဟွာယိုရှန် ချက်ကျလက်ကျနှင့် ရှင်းပြလိုက်သည် ။

“မင်းက ငါ့ကားထဲဝင်လာတာလေ ။ ငါ့လူတွေက မင်း ကားကိုအပိုင်စီးတယ်ထင်ပြီး မေ့ဆေးထိုးလိုက်တာဘဲ ။ ပြီးတော့မှ ငါမင်းကို ခေါ်လာတာ။”

ရှုရှီယန် မည်သည့်စကားမျှ ပါးစပ်မှ ထပ်မပြောနိုင်တော့ချေ ။

ဘယ်လိုတောင်လဲ ။ ဘယ်လိုဖြစ်နိုင်မှာလဲ ။
သူမက ကားထဲကို တစ်စွတ်ထိုးဝင်လာတယ် ။ ဝင်လာတဲ့ကားကလည်း သူ့ကားဖြစ်နေတယ် ။ ဟမ်.....ဟမ်.....
ဒီအဖြစ်အပျက်က ခက်ခဲနက်နဲ လှပါတယ်ဆိုတဲ့စကားဝှက်တစ်ခု မှန်သွားတာထက်ကို ကျော်သွားပြီ ။

ရှုရှီယန် သူမအား လမ်းပေါ်တွင် မပစ်ချခဲ့ခြင်းအတွက် ထိုလူအား အထူးပင် ကျေးဇူးတင်နေမိသည် ။ သူမ၏အခြေအနေအား ပြန်စဉ်းစားကြည့်သည့်အခါ သူမ ဤနေရာတွက်ဆက်နေရန် မသင့်တော်‌တော့ပေ ။

“ကျွန်မအဝတ်တွေကော....၊ ဒီရှပ်အင်္ကျီက.....။”

“ဒီရှပ်အင်္ကျီက ကျွန်တော့ဟာပါ ။ မင်းအင်္ကျီတွေက သွေးတွေစွန်းနေတာမို့ ၊ ငါ ကူလဲပေးထားတာ။”

ရှပ်အင်္ကျီသည် မည့်သူ့ဟာဖြစ်ပါ‌စေ ကိစ္စမရှိပေ ။ သို့သော် သူပြောသောစကားတွင် ကူလဲပေးထားတာ ဟူသောနေရာသည် အရေးအကြီးဆုံးပင် ။ ရှုရှီယန် သူမ ရှက်သည်သာမက စိတ်များလှုပ်ရှားလာကာ အသံပင်တုန်လာသည် ။ နောက်ဆုံး လန့်ပြီးအော်ကာ မေးလိုက်သည် ။

“ဘာ...ကူလဲပေးထားတာ။”

“ဟုတ်တယ်  အိမ်မှာ ဘယ်သူမှမရှိဘူး ။ ငါမလဲရင် ဘယ်သူလုပ်မှာလဲ ။ စိတ်မပူပါနဲ့ ။ လဲနေတုန်း ချောင်းတောင်မကြည့်ခဲ့ပါဘူး။”

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now