အပိုင်း (၈၈) ဘယ်လိုရက်စက်တဲ့ လူလဲ။

613 55 0
                                    

unicode

ရိုက်ကွင်း နံပါတ်သုံး၊ လေးကြိမ်မြောက် ပြန်ရိုက်ခြင်း စတင်ပေသည်။ မန်ကျောင်ရီသည် ရီရွယ်အားရိုက်တော့မည့်အချိန် ဟွာယိုရှန် 'ရပ်' ဟုအော်လိုက်သည်။ ဟွာဂိုချင် ဟွာယိုရှန်အားကြည့်ကာ ဇဝေဇဝါဖြစ်နေလျက်မေးလိုက်သည်။

"ဘာများဖြစ်လို့လဲ၊ မစ္စတာဟွာ။"

ဟွာယိုရှန် ဇာတ်ညွှန်းအားထိုးပြကာ ပြောလိုက်သည်။

"ဇာတ်ညွှန်းမှာ ပါးရိုက်ရမယ့်အခန်းမပါဘူး၊ ဘယ်လိုဖြစ်တာလဲ။"

ဟွာယိုရှန်သည် စည်းကမ်းတင်းကျပ်နေသည်ဟု ဟွာဂိုချင်တွေးလိုက်ကာ ရှုရှင်းရို အကြံပေးသော ကျပန်းလုပ်ရပ်တစ်ခုသာဖြစ်ကြောင်း အမြန်ရှင်းပြလိုက်သည်။

"အသစ်‌က ဒီအခန်းကို ဘယ်လို သရုပ်ဆောင်သင့်ကြောင်းကို နားမလည်တဲ့အတွက် ရာရွယ်နေရာနဲ့ မန်ကျောင်ရီနေရာကို ချိန်းကြည့်လိုက်ရင်ကော။ သိ့တယ်မို့လား။ ဘယ်လိုသရုပ်ဆောင်ရတယ်ဆိုတာကို အသစ်ကို အတွေ့အကြုံရှိတဲ့သူက ပြခိုင်းလိုက်ရအောင်။"

"...."

ရှုရှင်းရို၊ သူမ ကြားလိုက်ရသည့်အရာအား နားမလည်နိုင်ဖြစ်နေကာ ဟွာယိုရှန်အားကြည့်လိုက်သည်။

သူကဘာလို့ သူ့ကို ဒီလောက် ဒုက္ခရောက်စေချင်တာလဲ။

နေရာချိန်းပြီး ဟွာယိုရှန်က ငါ့ကိုဘာလုပ်စေချင်တာလဲ။

ရှုရှီယန် သူမဘာသာတွေးနေသည်။

ဘာကို သင်ရမှာလဲ။ ဘယ်လို အရိုက်ခံရဖို့ဆိုတာဘဲ။

"...."

သူလုပ်ရန်ကြိုးစားနေသည့်အရာကြောင့် ရှုရှင်းရို၏မျက်လုံးများပြူးကျယ်သွားသည်။

ငါ့ကို ပြန်ရိုက်ဖို့ ရှုရှီယန်ကို အခွင့်အရေးပေးနေတာလား။

ဟွာယိုရှန်၏အကြံဉာဏ်အား ဟွာဂိုချင် စိတ်ပါလက်ပါသဘောတူလိုက်ကာ ငါးကြိမ်မြောက်ရိုက်ကွင်းခြင်းအတွက် ရှုရှီယန်နှငိ့ ရှုရှင်းရိုအား နေရာလွဲရန်ပြောလိုက်သည်။ ရှုရှီယန်သည် ဇာတ်ညွှန်းများအား သူမ၏အိမ်နောက်ဖေးကဲ့သို့ပင် အလွတ်ရပြီးနေပြီဖြစ်သည်။ ဝေပင်ထင်သည် မန်ကျောင်ရီအတွက် ကရန်ငြင်းဆိုပြီးနောက် မန်ကျောင်ရီ၏မျက်နှာလှလှလေးသည်  အကျည်းတန်လာကာ အမုန်းတရားများ၊ မနာလိုမှုများနှင့်ပြည့်နှက်နေပသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now