အပိုင်း (၁၀၆) အဲ့တာကို မေ့တော့မလို့။

490 41 0
                                    

Unicode

ဆူရူအီပြောသည်မှာ မှန်ပေသည်။ ယွန်ဟိုင်း၏ ဒုတိယဥဣဌ၊ သူဌေး ဟွာကျင်တန်..

သူသည် ဒုတိယဥဣဌဖြစ်သော်လည်း ကုမ္ပဏီအပေါ်တွင် ထိန်းချုပ်နိုင်စွမ်း အတော် ရှိနေပေသေးသည်။ သူသည် ဟွာယိုရှန်၏ ဝမ်းကွဲအစ်ကိုပင်။ ဟွာယိုရှန်သည် သူ၏အကြံပေးချက်အား များသောအားဖြင့် နားထောင်လက်ခံပေသည်။

"မင်း မှန်တယ်။ ငါ ဘာလို့ သူ့ကို မေးနေရတာလဲ။"

ရှုဂျင်ရှန် ထွက်တော့မည်ဟုလုပ်နေချိန် ဆုရူအီ ခေါ်ပြောလိုက်သည်။

"‌ဟေး၊ ခနနေအုန်း။"

"အခု ဘာဖြစ်တာလဲ။" ရှုဂျင်ရှန် စိတ်မရှည်စွာမေးလိုက်သည်။

"လွန်ခဲ့သော အနှစ်၂၀က ရှင် မှတ်မိ့သေးလား၊ ရှင် ပေးခဲ့တာ၊ကျင်ရူရွယ်ကို...."

ဆူရှုအီ သူမ၏စကားအား အဆုံးထိမပြောပေ၊ ‌ ယောင်္ကျားဖြစ်သူအား အရိပ်အမြွက်ပြချင်ရုံသာဖြစ်သည်။ ရှုဂျင်ရှန် သူ၏မှတ်ဉာဏ်များထဲတွင် ပြန်ရှာဖွေနေသည်။ စက္ကန့်အနည်ူငယ်ကြာပြီးနောက် ဖျတ်ကနဲပင် အရေးကြီးသောတစ်ခုခုအား ရုတ်တရက်သတိရလိုက်သလိုပင်ဖြစ်သည်။

"ဟုတ်သားဘဲ၊ ငါ အဲ့တာကို ဘယ်လိုတောင် မေ့ခဲ့ပါလိမ့်။"

အရင်ကြာညောင်းလှသောအချိန်တုန်းတွင် ဖြစ်ခဲ့သောကြောင့် သူ မေ့သလိုပင်ဖြစ်နေလေသည်။ သူ၏လက်ထဲတွင် ကစားစရာကတ်တစ်ကတ်ရှိနေပေသေးသည်။ အချိန်သင့်သည့်အချိန် ဖွင့်ကစားလိုက်လျှင် ထိုအရာသည် သူ၏ဂုဏ်နှင့်ရာထူးအား ကယ်တင်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ဟွာယိုရှန်ပင် သူ့အား မထိရဲနိုင်ပေလိမ့်မည်။ ဟွာကျင်တန်အား ရှုဂျင်ရှန် အားကိုးမှီခိုရန် နေရောကောင်းတစ်ခု ဖြစ်နေသေးသည်ဟု တွေးထားပေသည်။ ဟွာယိုရှန်သာ စီအီးအိုအဖြစ် ရာထူးကျသွားလျှင် နောက်တွင် ထိုနေရာသည် ဟွာကျင်တန်အတွက်ပင် လုံးဝ ဖြစ်ပေလိမ့်မည်။ ယခု ရှုဂျင်ရှန်စဉ်းစားရမည့် တစ်ခုတည်းသောအရာသည် ဟွာကျင်တန်အား သူ့ဘက်သို့ပါလာရန် မည်သို့လုပ်ရမည်နည်းပင်။

......

ရှန်ရှီအဆောက်အဦးတွင် ခုနှစ်ထပ်မြောက်တွက်ရှိသော ကျင်ရွယ် အနုပညာကုမ္ပဏီသို့ ဟွာယိုရှန်သွားရညနောက်တွင် ရှုရှီယန်လိုက်နေသည်။ ရုံးခန်းသည် အဖြူရောင်ဖြင့် ခေတ်ဆန်ဆန်ဆန်ပုံစံလုပ်ထားပေသည်။ ရုံးခန်းထဲတွင် ပြေးလွှား၍ယောက်ယက်ခတ်‌နေသည့် ဝန်ထမ်းများမရှိသောကြောင့် ကုမ္ပဏီသည် မကြာသေးခင်ကပင် တည်ထောင်ထားသည်မှာ သိသာပေသည်။ တံခါးပွင့်လာကာ ဆံပင်တိုတို အသည်းပုံ ပုံစံမျက်နှာထားရှိသော အသက်၂၀အရွယ် မိန်းကလေးတစ်ယောက်သည် သူမတို့အား ကြိုဆိုနှုတ်ဆက်လိုက်သည်။ သူမ၏အဝတ်အစားများသည် စစ်စိမ်းရောင်ရှိကာ ရှုရှီယန် သူမအား ယောင်္ကျားတစ်ယောက်နှင့် မှားလုနီးပါးဖြစ်နေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now