အပိုင်း(၅၄) သူမရဲ့ နောက်ကွယ်မှာ တရားမဝင်အလုပ်လုပ်ခြင်း။

912 66 0
                                    


"သူကဘဲ ငါ့ကို ဖောက်ပြန်တဲ့သူဖြစ်ဖြစ်၊ နင်ကဘဲ ဆွဲဆောင်ဆွဲဆောင် ငါစိတ်မဝင်စားဘူး။ငါသိတာက လွန်ခဲ့တဲ့ငါးနှစ်က ငါလွှင့်ပစ်လိုက်တဲ့ အမှိုက်ကို နင် ကောက်ယူလိုက်တယ်ဆိုတာဘဲ။" ရှုရှီယန် ပြောလိုက်သည်။

ရှုရှီယန် ထိန်းချုပ်မထားတော့ပေ။ ဇက်စတန်ကို ပြန်လည်သောအကြောင်းသည် သူမအား နာကျင်စေခဲ့သောသူများအား အပြစ်ပေးရန်ဖြစ်သည်။ ထိုသူများ ပိုခံစားရလေ၊ သူမ ပိုပျော်လေပင်။

ရှုရှင်းရို၏မျက်နှာ မဲမှောင်သွားသည်။ ရှုရှီယန် မမှားပေ...။ ရှုရှီယန် လွှင့်ပစ်ခဲ့သော အကျန်အားသူမ ကောက်ယူထားသကဲ့သို့ သူမ အမှန်ပင် ခံစားရသည်။ အရူးတစ်ယောက်ကဲ့သို့ အမြီးကုပ်နေသော သူမ၏ဘေးတွင်ရပ်နေသည့်လူအား ရှုရှင်းရိုကြည့်လိုက်သည်။ ထိုသူအား သူမပထမဆုံးအချိန်တွင်တွေ့ခဲ့သည့်အခါ၌ရှိသော ဆွဲဆောင်မှုများ အကုန်ပျောက်ဆုံးပြီးခဲ့‌ခြင်းပေ။ ယခုအချိန်တွင် ထိုလူသည် အရာရာအား ကြောက်ရွံနေသည်။ ဂျု့ရှင်၏ ဥဣဌသာ မဟုတ်ပါလျှင် ချုယုဟီအား နှင်ထုတ်လေပြီဖြစ်သည်။ သို့သော် ထိုသူသည် တစ်စုံတစ်ရာပင် တန်နေသေးပေသည်။

ချုယုဟီသည် တရားမဝင်သောအရာများအား သူမ၏နောက်တွင် လုပ်ကိုင်လိမ့်မည့်အကြောင်း တစ်ခါမျှပင် မတွေးဖူးသေးပေ။ မဟုတ်လျှင် ထိုအရှုပ်များအာ သူ့အတွက် သူမရှင်းလင်းပေးရလိမ့်မည်။ ထိုအရာများအားပြန်လည် ဖော်ထုတ်ပြောဆိုသည့်အတွက် ချုယုဟီ ရှုရှင်းယန်အား စိတ်တိုနေလေသည်။

"ရှီယန်။ နင့် ပါးစပ်ကို ပိတ်ထားလိုက်တော့။ ငါတို့ လမ်းခွဲပြီးမှ နင့်အမနဲ့ ငါ စပြီးတွဲခဲ့တာ။ ရှက်ဖို့ကောင်းတဲ့ကိစ္စ ဘာမှကို ငါတို့မလုပ်ခဲ့ဘူး။ ငါတို့နားကို ထပ်ပြီးမလာနဲ့။ ငါ ဒါသတိပေးတာဘဲ။"

ရှုရှီယန်အား အော်ဟစ်မာန်မဲပြီးနောက် ချုယုဟီ ရှုရှင်းရိုဘက်သို့ လှည့်ကာပြောလိုက်သည်။

"ဘေဘီ၊ သွားရအောင်။ ဘာမှအရေးမပါတဲ့သူတွေနဲ့ စကာပြောပြီး အချိန်ထပ်မဖြုန်းရအောင်။"

ရှုရှင်းရို အစကတည်းကပင် ထွက်သွားရန် အဆင်သင့်ဖြစ်နေသည်။ ထိုအရာအားကြားပြီးပြီးချင်း ရှုရှီယန်အား လျစ်လျူရှုကာ ချုယုဟီနှင့်အတူ ထွက်သွားသည်။ ထွက်သွားချိန်တွင် သူတို့၏ခေါင်းများအား အောက်ငုံထားလေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now