အပိုင်း (၆၃) နောက်အစီအစဉ်တစ်ခု။

812 52 0
                                    


ယင်ဘာအို ထပ်ပြီး ထပ်ပြီး တွေးဆကြည့်နေသည်။ သူမအတွက် အဖိုးဖြစ်သူ မည်သည်ကို ပြင်ဆင်ထားကြောင်း မခန့်မှန်းနိုင်ပေ။

"ကလေးလေး မှန်းကြည့်လို့ရဘူး။ ကလေးလေးက ဖိုးဖိုးရဲ့ ဗိုက်ထဲမှာနေတဲ့ သန်ကောင်မှမဟုတ်တာ။ ဖိုးဖိုးရဲ့ခေါင်းတယ် ဘာရှိတယ်ဆိုတာ ကလေးလေးက မသိဘူးလေ။"

"ဟ့..ဟား..ဟား..ဟား.."

ဘယ်လိုတောင် ရယ်စရာကိုပြောတတ်တဲ့ ကလေးလေးလဲ။

သူ၏ ယခုဖြစ်ပေါ်နေသော စိတ်အခြေအနေအားရှင်းပြရန် ကျင်ဟွာဒိုစကားရှာမတွေ့ပေ။ သို့သော် ချယ်ရီဘေဘီသာ ရှိနေသရွေ့ စိတ်ညစ်မှိုင်တွေ့နေရမယ့် နေ့ပင်မရှိနိုင်တော့ပေ။ ထို့နောက် သူတို့နှစ်ယောက်အား နေရန် အခန်းများကို လိုက်ပြလိုက်သည်။ သမီးနှင့်အမေဖြစ်သူအား အထူးအလှဆင်ထားကာ အတော်ပင် သက်‌သောင့်သက်သာရှိသော အခန်းတစ်ခန်းပြင်ဆင်ထားပေသည်။

ယင်ဘာအို ထိုအခန်းအား ဝင်လိုက်သည့်အခါ သူမ၏အိပ်ယာဘေးတွင် အမွေးပွကျားရုပ်အကြီးကြီးတစ်ခုအား တွေ့လိုက်ကာ လုံးဝပင် အံ့ဩကျေနပ်သွားသည်။ လွန်ခဲ့သောနှစ်က သူမအတွက် ရှုရှီယန်ဝယ်ပေးခဲ့သော အရွယ်အစားနှင့် အတူတူ‌ပင်ဖြစ်သည်။

"ဝိုး...ဝိုး..ဝိုး... ကျားရုပ်ကြီးဘဲ။"

ယင်ဘာအို စိတ်လှုပ်ရှားနေကာ သူမ၏ ခြေထောက်သေးသေးလေးများနှင့် ခုန်ဆွခုန်ဆွလုပ်နေသည်။

"ဖိုးဖိုး။ ဖိုးဖိုး။ ကလေးလေးအတွက် ဖိုးဖိုးဝယ်ပေးတဲ့ လက်ဆောင်လား။"

"ဟုတ်တာပေါ့။ ဖိုးဖိုးရဲ့ ချစ်လှစွာသော မြေးအငယ်လေးအတွက်လေ။"

ကျင်ဟွာဒို သူမအား ပြုံးကာပြောလိုက်သည်။

"ဝိုးးးးးး ဖိုးဖိုး။ ဖိုးဖိုးက အကောင်းဆုံးဘဲ။ ဖိုးဖိုးက ဒီကမ္ဘာပေါ်မှာ သဘော.......အကောင်းဆုံးဘဲ။ ဖိုးဖိုး အသက်အရှည်ကြီး နေနိုင်ပါစေ။"

ကျင်ဟွာဒို၏လက်အား ယင်ဘာအို ကိုင်လိုက်ကာ သူမနှင့်အနီးဆွဲဖြစ်အောင် ဆွဲခေါ်လိုက်သည်။ ကျင်ဟွာဒို ဒူးထောက်ထိုင်လိုက်သည့်အခါ သူ၏ပါးပေါ်သို့ ယင်ဘာအို ကျေးဇူးတင်သည့်အနမ်းတစ်ခုပေးလိုက်သည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now