အပိုင်း (၁၀၅) နောင်တနှင့် ရစ်ပတ်တွယ်နေခြင်း။

539 46 0
                                    

Unicode

ရှုရှီယန် ဟိုတယ်ထဲမှထွက်လာကာ ဟွာယိုရှန်၏ဗမ်ကားထဲသို့ ဝင်လိုက်သည်။ ကားထံတွင် ထိုနှစ်ယောက် ထပ်၍တွေ့ကြပေသည်။ သို့သော် ရှုရှီယန်သည် ဟိုတယ်၌ဖြစ်ခဲ့သော မတော်တဆမှုကြောင့် စိတ်‌အနှောင့်အယှက်မဖြစ်သည့်ပုံပင်။ သူ့အာ ပုံမှန်အတိုင်း ဟာသများ၊ စကားများပြောကာသူမ၏နဂိုပုံစံ ပြန်ရောက်နေပေသည်။ ဟွာယိုရှန်အတွက်မှု သူ၏ထံ၌ တစ်ခုခုထူးခြားမှု ရှိနေပေသေးသည်။ လမ်းတွင် ဟွာယိုရှန်၏ဖုန်းမြည်လာသည်။ ရှုရှီယန် ဖုန်းအား တစ်ချက်လှမ်းကြည့်လိုက်ရာ ခေါ်ဆိုသူနေရာတွင် ဒါရိုက်တာရှုဖြစ်နေသည်။ ဟွာယိုရှန် ဖုန်းအား ကြည့်လိုက်သည်။ ရှုဂျင်ရှန်ခေါ်သည်ကို တွေ့သောအခါ သူ၏ မျက်မှောင်များ တွန့်ချိုးသွားသည်။ သူ ရှုရှီယန်နှင့် နှစ်ယောက်တည်းရှိနေချိန် တခြားသောမည်သူ၏ အနှောင့်အယှက်မျှ မခံချင်ပေ။ ထို့ကြောင့် ဖုန်းအားကောက်ကိုင်ကာ ခေါ်ဆိုမှုအား ငြင်းဆိုလိုက်၍ စက်အားပိတ်ပစ်လိုက်သည်။

ရှုရှီယန် အတွင်းထဲကြိတ်ကာ လှောင်ရယ်နေသည်။

ဟ.ဟ.ဟ.. ရှုဂျင်ရှန်၊ အခု ကြောက်ပြီလား။

ခင်ဗျားရဲ့ အယုတ်တမာအကြံအစည်က ဒီလိုဖြစ်သွားမယ်လို့ မထင်ခဲ့ဘူးမို့လား၊ ဟမ်။

ဗမ်ကားသည် ဟွာယိုရှန်၏နေရာသို့ ဦးတည်နေခြင်းမဟုတ်ပေ။ ရှုရှီယန် ပြတင်းပေါက်မှကြည့်ကာ ဟွာယိုရှန်အားမေးလိုက်သည်။

"မစ္စတာဟွာ၊ ကျွန်မတို့ အိမ်ပြန်နေတာမဟုတ်ဘူးလား။ ဘယ်သွားနေတာလဲ။"

"ကျင်ရွယ် ကုမ္ပဏီကို သွားနေတာ။"

"အိုး၊ ဟုတ်သားဘဲ၊ ကျွန်မ မေ့တော့မလို့။"

အရင်အချိန်တုန်းကတွင် သူမတို့ ကျင်ရွယ်ကုမ္ပဏီသို့ မသွားလိုက်ရပေ။ ထိုအချိန်တွင် ယင်ဘာအို ဆေးရုံတတ်နေရသောကြောင့်ပင်။ သူမ ထိုအကြောင်းအား လုံးဝပင်မေ့နေလေကာ ဟွာယိုရှန်အား မှတ်မိမည်ဟု မထင်ထားပေ။

.....

ရှုမိသားစု၏အိမ်တွင် ရှုဂျင်ရှန်သည် ရှုရှီယန်၏ဖုန်းအား ခေါ်ဆို၍မရနိုင်ဖြစ်နေသည်။ ဟွာယိုရှန်အားလည်း ခေါ်ဆိုရန်ကြိုးစားခဲ့လေသည်၊ သို့သော် သူ ဖုန်းချသွားပေသည်။ ဟွာယိုရှန်အား ထပ်ခေါ်ရန် ကြိုးစားသည့်အခါ၌ သူ၏ဖုန်းသည် စက်ပိတ်ပြီးလေပြီ။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now