အပိုင်း (၇၀) အလှအပက အမြဲနိုင်တာဘဲ။

684 51 0
                                    

လူတော်တော်များများက ချီလီယာသည် တစ်သီးတစ်သန့် တစ်ယောက်တည်းနေတတ်သူဟု ကြားဖူးပေသည်။ ထို့ကြောင့်ပင် သူမသည် ရိုက်ကွင်းဝန်ထမ်းများနှင့် အဆက်အဆံများများစားစားမလုပ်ပေ။ ချီလီယာ ထွက်လာကာ သူမအားကူညီပေးခြင်းအတွက် ရှုရှီယန် အလွန်ပင်ကျေးဇူးတင်နေကာ အရမ်းပင်ရင်ထဲထိသွားစေသည်။

တကယ့်ကို နတ်သမီးတစ်ပါးဘဲ။ တကယ့်ကို ငါ လေးစားထိုက်တဲ့သူဘဲ။

ချီလီယာ စကားအား အဆုံးလိုက်သည့်ချက်ချင်းပင် လင်ဒါ ရှက်၍ စကားအထစ်ထစ်ဖြစ်သွားသည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ အဲ့တာတွေက အမှားတွေပါ၊ အစ်မချီ။ ကျွန်....ကျွန်မ တကယ့်ကို အဲ့တုန်းက အလုပ်များနေလို့ပါ။ အာ့ကြောင့်မို့ အစ်မရဲ့မိတ်ကပ်ကို မပြင်ပေးနိုင်ခဲ့တာပါ။  တစ်နေ့နေ့တော့ အစ်မကို မိတ်ကပ်ပြင်ပေးဖို့ ကျွန်မ စိတ်ကူးယဉ်နေရတာပါ။ ဒါပေမယ့် အခု အစ်မက ကိုယ်ပိုင် မိတ်ကပ်ဆရာရှိသွားပြီဆိုတော့ ကျွန်မအတွက် အခွင့်အရေးမရှိတော့တဲ့ပုံပါဘဲ။"

သို့သော် အမှန်သည် ချီလီယာ တက်သစ်စသရုပ်ဆောင်ဖြစ်သောအချိန်တွင် ယခု ရှုရှီယန်အားဆက်ဆံသလို ချီလီယာအား လင်ဒါဆက်ဆံခဲ့ဖူးလေသည်။ သို့သော် နှစ်အနည်း ငယ်ကြားပြီးနောက်တွင် ချီလီယာသည် သူမ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့လေသည်။ လင်ဒါကဲ့သို့သူတစ်ယောက်ယောက်သည် သူမအား မထိပါးနိုင်သော အမြင့်တွင် သူမရှိပေသည်။

"အဲ့တာဆိုရင် ဒီညီမလေးကို နင် ကောင်းကောင်းဆက်ဆံဖို့ကောင်းတယ်။ တစ်ချိန်ချိန်ကျရင် သူက ငါ့ထက်ပိုကြီး နာမည်ကြီးလာနိုင်တယ်။ အဲ့လိုမျိုးအချိန်ရောက်မှ အခု သူ့ကို လျစ်လျူရှုခဲ့လို့ နောင်တရနေလိမ့်မယ်။"

"ဟုတ်တာပေါ့။ဒါပေါ့ အစ်မချီ မှန်တာပေါ့။ "

ထိုစကားပြောပြီးနောက် ချီလီယာထွက်သွားသည်။ ရှုရှီယန်အားတစ်ချက်ကြည့်၍ သူမ မထွက်သွားခင် တခနတာ ပြုံးပြလိုက်သည်။ လင်ဒါ ဒေါသထွက်နေပါသော်လည်း ချီလီယာ အမြင်စောင်းမည်ကို ကြောက်နေပေသည်။

ပူကြူးလေးရဲ့စူပါဒယ်ဒီWhere stories live. Discover now